Part-22

20.7K 1.7K 92
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 22

For unicode

"ဝမ်ဝမ် ဘွားဘွားဆီကိုလာပါဦးကွယ်"

"ဝမ့်ဘွားဘွား?"

"ဟုတ်တယ် ဘွားဘွားကဝမ်ဝမ့်ပါးပါးဘက်ကတော်တဲ့ဘွားဘွား"

"ပါးကတစ်ခါမှအပြောဖူးဘူး"

ဒေါ်မုန့်ရွှီကဝမ်ဝမ့်ကိုခေါ်လာပေးတဲ့ဆရာမကိုမျက်စပစ်လိုက်ပြီးသွားဖို့အချက်ပြ၏။ ရှောင်းကျန့်က‌ကလေးကိုဒီလိုဈေးကြီးတဲ့မူကြိုမှာတောင်ထားနိုင်တာဘဲ။ ဒါပေမယ့်သူမပိုက်ဆံပေးလိုက်တော့ကလေးကိုအပြင်ကိုခေါ်ထုတ်လာနိုင်ခဲ့တာဘဲမဟုတ်လား။

ဝမ်ဝမ်ကသူ့မပေါင်မှာတောင့်တောင့်ကြီးထိုင်နေလို့ဒေါ်မုန့်ရွှီကမဲ့ပြုံးပြုံးလိုက်၏။ ဘာမဟုတ်တာလေးကိုသတိအနေအထားအပြည့်ကြောင့်ရယ်တောင်ရယ်ချင်သွားရသည်။ အခုမှသူမရဲ့ကလဲ့စားချေမှုကစမှာ..။ အစကတော့ကလေးကိုမထိတော့ဘူးလုပ်ထားပေမယ့်ဟိုအဘိုးကြီးကဘယ်ကတည်းကပြင်ဆင်ထားမှန်းမသိတဲ့ငွေတွေကိုကလေးကိုပေးပစ်လိုက်တယ်လေ..

"ဗိုက်ဆာနေပြီလား"

"အဆာသေးဘူး"

"ဘွားဘွားကိုကြောက်နေတာလား"

"ဟင့်အင်း"

"ဒါဆိုဘာလို့မပျော်မရွှင်ဖြစ်နေတဲ့ပုံပေါက်နေရတာလဲကွာ"

"ပါးကတစ်ယောက်တည်းအပြင်သွားတာအကြိုက်ဘူး"

ဝမ်ဝမ်ကရှောင်းကျန့်မသိအောင်အပြင်ရောက်နေတော့စိုးရိမ်သောကရောက်နေပုံပေါ်သည်။

"ဟုတ်လား သားပါးပါးကိုဘွားဘွားပြောလိုက်မယ်နော်
ဘွားဘွားကကိုယ့်မြေးကိုတွေ့ချင်လို့လာတာကိုသားပါးပါးကဘာမှမပြောလောက်ပါဘူး
ပြီးတော့ဝမ်ဝမ်ပြောမှဝမ်ဝမ့်ပါးကသိမှာပေါ့
ဝမ်ဝမ့်မပြောရင်မသိဘူးလေ"

"ပါးပါး ပါးပါးကလိမ်တာအကြိုက်ဘူး"

"လိမ်တာမဟုတ်ဘူးလေကွယ် ဝမ်ဝမ်ကအရွယ်ရောက်လာပြီမို့လို့ဘာလုပ်လုပ်အိမ်ကိုပြန်တိုင်စရာမလိုဘူးလေ
အဲ့ဒါလိမ်တာမှမဟုတ်တာ"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now