Part- 25

20.5K 1.7K 245
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part-25

For unicode

"ရှောင်းကျန့် သတင်းတွေဖတ်ပြီးလျှောက်ခံစားမနေနဲ့!"

"ဝမ်ရိပေါ်ကအမှန်တရားကိုမချပြဘူး သူရှောင်းပိုင်ကိုဘဲကာကွယ်သွားတာ"

"ဝမ်ရိပေါ်မှာတခြားအကြံရှိဦးမှာပါ"

"ဟင့်အင်း ငါကအရူးလိုဘဲ
တစ်ခါတည်းနဲ့အမှတ်မရှိဘူး"

ရှောင်းကျန့်ကမျက်ရည်တွေကိုသုတ်ပြီးနာနာကျင်ကျင်ပြုံးလိုက်၏။ ဒီပြသနာတွေဖြစ်ပြီးနောက်သူ့ရင်ထဲမှာရိပေါ်ကသူတို့အိမ်ထောင်ရေးကိုချပြဖို့မသိမသာမျှော်လင့်ခဲ့မိတယ်။ ဒါပေမယ့် HOPE official ကလည်းသူတို့မင်းသားကိုမသိမသာကာကွယ်သွားခဲ့ပြီးမဟုတ်မမှန်သတင်းဖြန့်သူတွေနဲ့ဆဲဆိုသူတွေကိုတရားစွဲမယ်လို့သာထုတ်ပြန်ခဲ့တယ်။ ရိပေါ်ကလည်းပြန်ပြီးrepostလုပ်ထား‌ပေမယ့်ထွက်လာတဲ့သတင်းတွေအကုန်မငြင်းထားဘူး။ ဒါပေမယ့်ရှောင်းကျန့်မသိခဲ့တာကဝမ်ရိပေါ်ကရှောင်းကျန့်နဲ့ဝမ်ဝမ်ကိုရစရာမရှိအောင်ဆဲဆိုထားသူတွေကိုအမှန်တကယ်တရားစွဲခဲ့တယ်ဆိုတာပင်။

ပြီးတော့ရှောင်းကျန့်ကရိပေါ်မားတင်ထားတဲ့ပို့စ်ကိုလည်းမမြင်ခဲ့။ အဲ့ပို့စ်ကြောင့်တရားဝင်ဇနီးကဘယ်သူဆိုတာကွဲကွဲပြားပြားဖြစ်သွားပြီးကောလဟာလအားလုံးကိုငြင်းလိုက်တာနဲ့အတူတူပင်။

"Stress တို့ pressure တို့များရင်ကိုယ်ဝန်ပျက်ကျတတ်တယ်ဆိုတာသိတယ်မဟုတ်လားရှောင်းကျန့်"

"ငါ ငါ.."

"ထပြီးတစ်ခုခုစားဦး"

‌ရိရန်ကလှဲနေသောရှောင်းကျန့်ကိုဆွဲထူလိုက်ပြီးနောက်ကခေါင်းအုံးခံပေးလိုက်၏။ ရှောင်းကျန့်ကိုယ်ကဒီတစ်ရက်နှစ်ရက်အတွင်းသိသိသာသာချောင်ကျသွားကာအရင်ကမျက်ဝန်းတောက်တောက်တွေလည်းသိသိသာသာမှေးမှိန်နေ၏။

"နားချင်ရင်လည်းကောင်းကောင်းမွန်မွန်နားကွာ
သတင်းတွေကတစ်ပတ်ဆိုပြန်ငြိမ်ကျသွားမှာ"

"အင်း"

"ဝမ်ဝမ်ကိုဘယ်လိုလုပ်မှာလဲ"

"ဝမ်ဝမ်ကငါ့သား ပြန်ခေါ်သွားမှာ.."

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now