Part- 14

20.6K 1.6K 115
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 14

For unicode

‌"အလုပ်ကပြန်ရောက်ပြီလား"

"....."

"ဝမ်ဝမ်ကော.."

ထို့နောက်ဝမ်ရိပေါ်ကဖုန်းထဲကနေသူ့သားရဲ့အသံစူးစူးကြောင့်ဖုန်းကိုနားကခွာကာမျက်နှာတစ်ချက်ရှုံ့သွားခဲ့၏။ ရှောင်းကျန့်ကဝမ်ဝမ်ကိုဖုန်းပေးလိုက်ပုံရတယ်။ ဒီကောင်လေးတော်တော်တက်ကြွနေ‌လွန်းတယ်။

"ရပြီ ရပြီ မင်းပါးပါးကိုပေးလိုက်တော့.."

ဝမ်ဝမ်က‌သူ့ပါးပါးကိုဖုန်းပြန်ပေးလိုက်ပုံရပြီးတစ်ဖက်ကရှောင်းကျန့်အသံပြန်ကြားရတယ်။

"ကျွန်တော်ဒီနေ့နည်းနည်းနောက်ကျမယ်"

"......."

"‌သူငယ်ချင်းတွေနဲ့တွေ့နေလို့"

"......."

"နည်းနည်းတော့သောက်လာမယ် ညစာစားဖို့မစောင့်နဲ့တော့"

"......"

"အများကြီးမသောက်ဘူး"

"......"

"အင်း အင်း"

‌ဝမ်ရိပေါ်ကနှုတ်ဆက်ပြီးဖုန်းချလိုက်တော့ဝမ်ဟောက်ရွှမ်းတို့မျက်နှာကစပ်ဖြဲဖြဲနဲ့သူ့ကိုစနောက်ကြ၏။

"ဝမ်ရိပေါ် ဝမ်ရိပေါ်..
ပြောတော့ရှောင်းကျန့်ကိုဂရုမစိုက်ဘူးဆို"

"သူကဝမ်ဝမ့်ပါးပါးမို့လို့"

"တော်ရုံလိမ်စမ်းပါဝမ်ရိပေါ်ရာ..
ဘားဆိုင်ထိုင်တာကိုတောင်အကြောင်းကြားနေရတယ်လို့ ဟားဟား
မင်းဘယ်တုန်းကလိမ်မာသွားတာလဲကွာ
အားရီတို့တောင်ပြောမရလို့လွှတ်ထားတဲ့ကောင်က ဟားဟား"

ဝမ်ဟောက်ရွှမ်းကအားရဝမ်းသာရယ်လိုက်ပြီးဆက်ဆိုတယ်။ ဝမ်ရိပေါ်ကလည်းအရက်တစ်ကျိတ်မော့သောက်လိုက်ပြီးဟောက်ရွှမ်းကိုဘာပြောပြောလွှတ်ထားလိုက်၏။

"အရက်သောက်မှာတောင်အကြောင်းကြားရတယ်
ငါတို့ဆိုလွတ်လပ်လိုက်တာ
သောက်ချင်သလောက်သောက် ဘယ်သူမှလာမတားဘူး"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now