Part-16

21.4K 1.5K 57
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 16

For unicode

"ကော ကျွန်တော်ပြန်တော့မယ်"

"အိမ်ကိုတန်းပြန်နော် ညကျရင်လည်းစာလုပ်ဦး"

"ဟုတ် ကော"

ရှောင်းကျန့်ကသူစာပြပေးနေတဲ့ကလေးကိုလက်ပြနှုတ်ဆက်လိုက်ပြီးအိမ်ကိုတန်းပြန်ဖို့လည်းမှာရ၏။ အခုခေတ်ကလေးတွေကတကယ်မလွယ်။ အိမ်ကိုအချိန်မှန်မှန်ပြန်ဖို့ဂရုတစိုက်မှာရ၏။ သူ့ကိုပြန်ပို့ပြီးလို့အိမ်ပြန်မရောက်ရင်က‌လေးမိဘဆီမှာအပြောခံရနိုင်သည်။ ရှောင်းကျန့်ကကလေးကိုနှုတ်ဆက်ပြီးလို့အဆောင်ဘက်သို့အထွက်‌ဟိုဘက်ထောင့်ကရိပေါ်ကိုလှမ်းမြင်လိုက်၏။

"ရိပေါ် ရိပေါ်!!"

ရိပေါ်မျက်နှာကသူနဲ့တွေ့တိုင်းအမြဲတမ်းသုန်မှုန်နေတာဘဲ။ ဘာကိုအလိုမကျဖြစ်လာမှန်းမသိပေမယ့်သူတကယ်ရိပေါ်ကိုပျော်စေချင်ပါသည်။ အဲ့လိုမျက်နှာစူပုတ်ပုတ်ဖြစ်နေလို့သူရိပေါ်နားမကပ်ရဲတာ..

"ရိပေါ် ဒီနေ့နောက်ကျတယ်နော်"

"ခင်များနဲ့မဆိုင်ဘူး"

ရှောင်းကျန့်ကရိပေါ်ရဲ့အဖြေကြောင့်နည်းနည်းကြောင်အမ်းအမ်းဖြစ်သွားပေမယ့်သူ့ပုံစံအတိုင်းဆက်ပြီးဆို၏။

"ကိုယ်ကရိပေါ်ကိုစိတ်ပူလို့.."

"ခင်များကျုပ်နဲ့ဝေးဝေးနေစမ်းပါ!"

ရိပေါ်ရဲ့စကားကြောင့်ရှောင်းကျန့်ရှက်ရွံ့သွားပြီးမျက်ရည်တောင်ဝဲလာခဲ့သည်။

"ကိုယ်ရိပေါ်ကိုဘာများလုပ်မိလို့ ရိပေါ်ကိုယ့်အပေါ်ဒီလိုဖြစ်နေရတာလဲ"

"လူတစ်ယောက်ကိုစကားနဲ့ဘဲနာကျင်အောင်လုပ်နိုင်တာမဟုတ်ဘူး ရှောင်းကျန့်!"

"ဒါဆိုကိုယ့်ကိုရှောင်နေရတဲ့အကြောင်းလေးပြောစမ်းပါ!"

"ကျွန်တော်ခင်များကိုရှောင်စရာဘာအကြောင်းရှိလို့လဲ"

"မင်းဘာမင်းသိမှာပေါ့
အရင်ကဆိုမနက်၈နာရီဆိုတာနဲ့မင်းအဆောင်ကထွက်တယ်
ည၇နာရီလောက်ဆိုမင်းအဆောင်ပြန်ရောက်နေပြီ
အခုမနက်ခင်းတိုင်းဓာတ်လှေကားမှာမဆုံဖြစ်တော့ဘူး
ညဘက်အလုပ်ကပြန်လာရင်လည်းမင်းကိုမတွေ့ရဘူး
ဒီနေ့လည်းကိုယ်အလုပ်ဆင်းတာနောက်ကျလို့မင်းနဲ့ဆုံတာ"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now