Part-19

22.8K 1.5K 78
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 19

For unicode

ရိပေါ်ကရှောင်းကျန့်လက်ကိုဆွဲရင်းလူအုပ်ထဲကနေတိုးထွက်လိုက်၏။ ရှောင်းကျန့်ကလည်းရိပေါ်လက်ကိုတွဲပြီးနောက်ကနေတိတ်တိတ်‌လေးလိုက်လာခဲ့တယ်။ နှစ်ယောက်သားကားပါကင်ရောက်တဲ့အထိစကားမပြောကြ။ ရိပေါ်ကရှောင်းကျန့်ကို lover seatထဲထိုးထည့်လိုက်ပြီးသူကမောင်းသူနေရာကဝင်ထိုင်လိုက်၏။

ရိပေါ်ကညာဘက်လက်နဲ့ကားမောင်းနေရင်းဘယ်လက်ကရှောင်းကျန့်လက်ကြားထဲတိုးဝင်ပြီးရှောင်းကျန့်လက်လေးကိုဆုပ်ကိုင်ထားခဲ့သည်။ ‌နှစ်ယောက်သားရဲ့လက်ကြားထဲမှာချွေးတွေစို့နေသော်လည်းရိပေါ်ကရှောင်းကျန့်လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားပြီးလွှတ်ပေးဖို့စိတ်ကူးမရှိ။ ရှောင်းကျန့်ကလည်းရိပေါ်ရဲ့ကားမောင်းစကေးကိုသိသူပီပီလက်တစ်ဖက်တည်းနဲ့ထိန်းပြီးကားမောင်းနေတာကိုတားလာခြင်းမရှိပေ။ ထို့အစားခေါင်းလေးငုံ့ပြီးငြိမ်ငြိမ်လေးလိုက်ပါလာခဲ့တယ်..

"ရိပေါ် ဖြည်းဖြည်းမောင်း..ကိုယ်ကြောက်တယ်!"

လမ်းအချိုးအကွေ့တွေမှာသူနည်းနည်းလန့်လို့ရိပေါ်လက်ကိုဖျစ်ညှစ်ပြီးတိုးတိုးလေးတားလိုက်သည်။ ရိပေါ်ကအရေးတကြီးဖြေရှင်းဖို့လိုအပ်နေလို့နှစ်ယောက်သားကြားကဖြစ်လာမယ့်ကိစ္စကိုမပြောလည်းသိနေကြပြီးပြီ။ အခုချိန်မှာသူ့စကားသံကလည်းရိပေါ်နားထဲမရောက်တော့..

ရိပေါ်ကတော်တော်ဝေးဝေးရောက်တာနဲ့ကားကိုဟိုက်ဝေးလမ်းကနေလမ်းသွယ်လေးထဲချိုးဝင်လိုက်ပြီးလမ်းဘေးမှာထိုးရပ်လိုက်သည်။ ပြီးမှရှောင်းကျန့်လက်ကိုလွှတ်လိုက်ပြီးတံခါးဖွင့်ကာဆင်းသွားခဲ့၏။ ရိပေါ်ကရှောင်းကျန့်ဘက်ကကားတံခါးကိုဆွဲဖွင့်လိုက်ပြီးရှောင်းကျန့်လက်ကိုဆွဲချကာကားနောက်ခန်းထဲထိုးထည့်လိုက်၏။ ပြီးတော့သူပါလိုက်ဝင်လိုက်ပြီးကားတံခါးကိုအားနဲ့ဆွဲပိတ်လိုက်၏။

အသံကြောင့်ရှောင်းကျန့်ကိုယ်ကဆတ်ခနဲတုန်သွားပြီးရိပေါ်ကိုမဝံ့မရဲမော့ကြည့်လိုက်၏။ ရိပေါ်ကအလျင်စလိုဖြစ်နေလို့သူနည်းနည်းတော့လန့်မိတယ်။ ဒါပေမယ့်ကိုယ့်အပြစ်ကိုယ်သိလို့ထိုင်ခုံပေါ်ကဆင်းပြီးရိပေါ်ရှေ့ယို့ယို့လေးဒူးထောက်ထိုင်လိုက်သည်။ ကားနောက်ခန်းကနည်းနည်းကျယ်ပြီးသူတို့‌နှစ်ယောက်လုံးဘယ်ပုံစံမျိုးနဲ့မဆိုဆက်ဆံလို့ရလောက်သည်။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now