Part- 21

20.6K 1.7K 130
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 21

For unicode

"ရှောင်းကျန့် ခင်များဘာဖြစ်နေတာလဲ!"

"ဖယ် မထိနဲ့!"

ရှောင်းကျန့်ကရိပေါ်လက်ကိုဖယ်ချပစ်တော့ရိပေါ်ကခါးထောက်လိုက်ပြီးအလိုမကျသလိုပြန်ကြည့်လာ၏။

"ခင်များကအလိုလိုက်လို့ရောင့်တက်လာတာဘဲ"

"ဘာ! ဘာ.."

ရှောင်းကျန့်ကလက်ထဲကစာအုပ်ကိုချလိုက်ပြီးရိပေါ်ကိုတအံ့တဩကြည့်လိုက်မိ၏။ ဘယ်သူကဘယ်သူ့ကိုအလိုလိုက်တယ်..။

"အိပ်ကြမယ် ညည့်နက်နေပြီ"

"မင်းဘာမင်းသွားအိပ်စမ်းပါ ငါ့ကိုစိတ်ပူသလိုလာမလုပ်နဲ့"

"ကျစ်!"

ရှောင်းကျန့်လည်းသူ့ကိုယ်သူဒီလောက်အထိသဝန်တိုနေလိမ့်မယ်လို့ထင်တောင်မထင်ထားခဲ့ပါ။ weiboပေါ်မှာရိပေါ်နဲ့ရှောင်းပိုင်တို့ရဲ့အကျီဆင်တူနဲ့ပုံတွေတက်လာကတည်းကသူပူလောင်နေခဲ့တာဖြစ်သည်။ ပြီးတော့ လူတွေရဲ့commentတွေ။ သူအစကတည်းကဝင်ဖတ်မကြည့်ခဲ့သင့်ဘူး။ တကယ်ဆိုဒီကိစ္စဟာဒီလောက်ထိဒေါသထွက်စရာမလိုဘူးဆိုပေမယ့် သူဘယ်လိုမှရိပေါ်နဲ့မျက်နှာချင်းဆိုင်လို့မရဘူး..။

အိမ်ပြန်ရောက်ကတည်းကရိပေါ်ကိုရှောင်နေခဲ့တာ..။ သူ့ကိုယ်သူလည်းအရမ်းsensitiveဖြစ်နေမှန်းသိတယ်။ ဒီလိုလုပ်ဖြစ်နေတာရိပေါ်မကြိုက်မှန်းလည်းသိတယ်။ ဒါပေမယ့်သူ့သဝန်တိုစိတ်ကိုသူထိန်းလို့မရဘူး။ ဒီညတော့တစ်ယောက်တည်းအေးဆေးနေမှဖြစ်မယ်..။ မတော်တဆရိပေါ်နဲ့စကား‌များရမှာစိုးလို့ကိုယ့်ဘာကိုယ်စာဖတ်ခန်းမှာစာလာဖတ်နေတာကိုရိပေါ်ကလာရှာပြန်တယ်..။

သူရောင့်တက်လာတာမဟုတ်ပါဘူး။ ကိုယ့်နေရာကိုယ်သိတယ်။ ဒါပေမယ့်ဒီညတော့ရိပေါ်နဲ့ဘယ်လိုမှအတူအိပ်ဖို့မဖြစ်နိုင်ဘူး။ သူ့ဘာသူစိတ်အေးအေးထားဖို့နားချရဦးမယ်။ ရှောင်းကျန့်ရဲ့သိမ်ငယ်စိတ်တွေကရိပေါ်ကိုပိုင်ဆိုင်ထားရတာတောင်ပျောက်ကွယ်မသွားသေးပါဘူး။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now