Part-17

21.1K 1.6K 81
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 17

For unicode

"Hot search မရှိတော့ဘူး"

"ရိပေါ်ဖျက်ခိုင်းလိုက်တာနေမှာပေါ့
သူဘဲအဲ့လိုလုပ်မှာ"

"Hot searchကြောင့်သားကိုလူတွေတော်တော်သတိထားမိလောက်ပြီ
အဲ့ဒါကိုခြေကုတ်ယူပြီးဝမ်ရိပေါ်ကိုသားကပ်ထားရမယ်"

"မလုပ်ချင်ပါဘူး"

"မလုပ်လို့မရဘူး သားကအခုချိန်မှာကိုယ့်ဘာကိုယ်ကြိုးစားနေရတာ
သားကုမ္ပဏီကဘာများလုပ်ပေးလို့လဲ
HSတောင်ဝယ်ပေးလို့လား
အခုလူတော်တော်များများကသားကိုဝမ်ရိပေါ်နဲ့တွဲမြင်နေပြီ
သားကအဲ့ဒါကိုနားလည်ရမယ်
သားတို့သာပြန်ပြီးတွဲသွားရင်အကျိုးရှိမှာကဘယ်သူလဲ"

"ဝမ်ရိပေါ်နဲ့မဖြစ်နိုင်တော့ဘူး"

"ဝမ်ရိပေါ်နဲ့မဖြစ်နိုင်တော့ရင်လည်းဝမ်ရိပေါ်ကိုမှီပြီးနာမည်ကြီးအောင်လုပ်လို့ရတာဘဲ
သားနာမည်ကြီးသွားရင်အခုလိုတိုက်ခန်းလေးမှာနေစရာမလိုတော့ဘူး
သားဘာလုပ်လုပ်ထောက်ခံအားပေးနေမယ့်fanတွေလည်းအများကြီးရှိလာမယ်
မားတို့အခြေအနေလည်းအခုထက်ပိုကောင်းလာမယ်မဟုတ်လား"

"ကျွန်တော်ကြိုးစားနေတာဘဲမား"

"ဟိုစုန့်ရှောင်းcpကိစ္စကိုမားလွှတ်ထားတယ်နော်
ဒီကားရိုက်ပြီးသွားရင်ထပ်မဆက်သွယ်ကြနဲ့တော့"

"ဘာလို့မားကျွန်တော့်ကိစ္စကိုဝင်စွက်ဖက်နေရတာလဲ"

"ဘာလို့လည်းဆိုတော့သားကိုကောင်းစားစေချင်လို့ပေါ့
ဟိုကောင်ရှောင်းကျန့်ကတုံးမလိုနဲ့ဝမ်ရိပေါ်လိုလူနဲ့ညားသွားတယ်
မားသားကလည်းရှောင်းကျန့်ထက်သာတဲ့လူနဲ့ရကိုရရမယ်"

"မား..ကောကိုဘာလို့အဲ့လောက်မုန်းနေရတာလဲ
ကောကသူ့ဘာသူအေးဆေးနေတာဘဲလေ"

"သူတို့သားမိနှစ်ယောက်လုံးကမားအတွက်တော့လုံးဝစိတ်အနှောင့်အယှက်ဖြစ်စရာဘဲ
အဲ့ဟာမမွှေလို့မားတို့အိမ်ထောင်ရေးကမောက်ကမဖြစ်ခဲ့တာ"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now