Part- 5

20.7K 1.6K 92
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 5

For unicode

"ဒေါက်တာ အပြင်မှာ‌လူတစ်ယောက်တွေ့ခွင့်တောင်းနေပါတယ်"

"appointment ယူထားလားဆရာမ"

"မယူထားဘူးဒေါက်တာ"

"တခြား surgeonဆီလွှဲပေးလိုက်လေ
ကိုယ့်ဂျူတီကပြီးနေပြီ"

"သူကဆရာနဲ့ဘဲပြမှာတဲ့"

"ဒါဆိုလည်းကိုယ်မပြန်ခင်ကြည့်ပေးခဲ့လိုက်မယ်လေ"

"ဟုတ်ကဲ့ဒေါက်တာ"

ရှောင်းကျန့်ကနာရီကိုတစ်ချက်ကြည့်လိုက်ပြီးသက်ပြင်းချလိုက်သည်။ သူ့သားတော်မောင်ဗိုက်ဆာလို့ရစ်နေလောက်ပြီ။ ရိပေါ်လည်းသူအလုပ်နောက်ကျလို့စိတ်ပူနေလောက်မလား။ ရှောင်းကျန့်ကဂျူတီ‌ကုတ်ပြန်ဝတ်ပြီးထိုင်ခုံမှာထိုင်လိုက်၏။

‌ခဏနေတော့ခြေသံကြားလို့ရှောင်းကျန့်ကမော့ကြည့်လိုက်၏။ ရှောင်းကျန့်မျက်လုံးဝိုင်းပြီးဝင်လာသူကိုကြောင်ကြည့်နေမိတယ်။ ဒီကိုဘယ်လို‌လုပ်..

"ကော..ကျွန်တော့်ကိုမထိုင်ခိုင်းတော့ဘူးလား"

"ထိုင်ပါ"

ရှောင်းကျန့်က‌သက်ပြင်းချပြီးခပ်မတ်မတ်ထိုင်လိုက်တယ်။

"ဘာဖြစ်တာလဲ"

"ကျွန်တော်ကောနဲ့စိတ်ပိုင်းဆိုင်ရာဆွေးနွေးချင်တယ်
အခုတလောစိတ်ဓာတ်ကျနေလို့
ညဘက်တွေသိပ်အိပ်မပျော်ဘူး"

"ကိုယ်ကsurgeon
Psychiatrist မဟုတ်ဘူး
မင်းပြချင်ရင် ဒီဆေးရုံက psychiatrist တစ်ယောက်နဲ့ချိတ်ပေးလိုက်မယ်"

"ကောကုမှ‌ပျောက်မှာ"

"ရှောင်းပိုင်!!"

"ကျွန်တော်အသည်းကွဲနေတယ် အဲ့လောက်ဆိုလုံလောက်ပြီလား
ကောကျွန်တော့်ကိုကုပေးပါ"

"ငါမကုတတ်ဘူး"

"ကောအဲ့လိုတာဝန်မဲ့တဲ့စကားမပြောနဲ့"

"ကော လုပ်သွားတာ
ကောကျွန်တော့်အသည်းခွဲသွားတာ!
ရိပေါ်နဲ့ကျွန်တော်လက်ထပ်တော့မယ်မှန်းသိလို့ကောပြန်လာခဲ့တာ!"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now