Part- 15

22K 1.7K 87
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 15

For unicode

"‌ရှောင်းကျန့် မင်းဟိုတစ်ယောက်ကိုမှတ်မိသေးလား"

"ဘယ်သူလဲ"

ရှောင်းကျန့်ကနေ့လည်စာစားရင်းရိရန်ကိုခေါင်းမော့ကာမေးလိုက်၏။

"မင်းတရားစွဲလို့ထောင်ကျသွားတဲ့တစ်ယောက်လေကွာ"

"သူလွတ်ပြီလား"

"လွတ်ပြီ ဒါပေမယ့်အခုပြန်ပြီးထောင်ကျသွားပြန်ပြီ"

"ဟင် ဘာလို့.."

ရှောင်းကျန့်ကစိတ်ဝင်တစားဖြစ်သွားပြီးစားလက်စတောင်ရပ်သွားကာမေးလာ၏။ ရိရန်ကရေတစ်ကျိတ်သောက်လိုက်ပြီးဆက်ပြောတယ်။

"ဒီတစ်ခါလည်းအရင်အမှုနဲ့ခပ်ဆင်ဆင်ကွ
ဒါပေမယ့်ဒီတစ်ခါတော့သူကခါးခါးသီးသီးကိုငြင်းဆန်နေတာ
မင်းစဉ်းစားကြည့်လေကွာ ထောင်ကလွတ်လာတာဘယ်လောက်မှမကြာသေးဘဲနဲ့ထပ်ပြီးကျူးလွန်ပါ့မလား
ဒီတစ်ခါတော့သူစွပ်စွဲခံရတာလို့ပြောနေတယ်
ဒီတစ်ခါထောင်ကျရင်သူ့ဘဝတော့သွားပြီလေကွာ"

ရှောင်းကျန့်ကနည်းနည်းတွေးတွေးဆဆဖြစ်သွားပြီးမှစိတ်မဝင်စားသလိုနေ့လည်စာကိုဆက်ပြီးစား၏။

"ကိုယ့်အပြစ်နဲ့ကိုယ်ဘဲလေ"

ဝမ်ဝမ့်ကိစ္စမှာကတည်းကရှောင်းကျန့်သူမကိုသိပ်မုန်းသည်။ ထောင်တစ်နှစ်ကျပြီးအယူခံနဲ့ပြန်လွတ်လာတဲ့ပုံပင်။ အခုထောင်ထပ်ကျရင်သူမဘာနဲ့လုပ်ကိုင်စားတော့မှာလဲ..။ ကလေးသူငယ်အကြမ်းဖက်တဲ့လူကိုရောဘယ်သူကစေတနာရှိကြတော့မှာလဲ။ ဒါတွေကသူနဲ့မှမဆိုင်တာ။ ကိုယ်လုပ်တဲ့အကျိုးကိုကိုယ်ခံစားရမှာဘဲ...။

"အားကျန့် အားကျန့်!"

"ကျဲဘာဖြစ်လာတာလဲ အမောတကောနဲ့!"

ကျဲကအမောတကောပြေးလာပြီးရှေ့ကခုံမှာဝင်ထိုင်ကာရေတကျိတ်မော့သောက်ပစ်၏။

"နင်သတင်းတွေ့ပြီးပြီလား"

"ဘာသတင်းလဲ ကျွန်တော်အလုပ်ရှုပ်နေလို့weiboပေါ်တောင်မတက်ဖြစ်သေးဘူး"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now