Part- 4💛

26.6K 1.6K 84
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 4

For unicode

ဝမ်ရိပေါ်နိုးလာတော့ဘေးမှာဝမ်ဝမ်လေးကအိပ်မောကျနေသေးတယ်။ ဒီနေ့စနေနေ့မို့ကလေးကိုမနှိုးသေးတာဖြစ်မယ်။ မိုးမလင်းခင်အချိန်တုန်းကဒီကောင်‌စုတ်လေးသူတို့လင်မယားကြားထဲကိုလာအိပ်တာသူမှတ်မိ‌လိုက်တယ်။ ဝမ်ရိပေါ်ဝမ်ဝမ်ကိုစောင်ပြန်ခြုံပေးလိုက်ပြီးသူကတော့အလုပ်သွားမလို့ပြင်ဆင်ရ၏။

သွားတိုက်ဆေးတွေ၊ကော့ပြန့်နေအောင်မီးပူထိုးထားတဲ့အဝတ်တွေကအဆင်သင့်ထုတ်ထားပြီးသားပေမယ့် ရှောင်းကျန့်ကိုအခုထိမမြင်ရသေး။ ပုံမှန်ဆိုသူမနိုးသေးရင်တစ်ခေါက်တော့လာနှိုးပြီးနေပြီ။ ဘာလဲ သူ့ကို‌စိတ်ကောက်နေတာလား။

ဝမ်ရိပေါ်ရှောင်းကျန့်သူ့ကိုစိတ်ကောက်နေတဲ့အကြောင်းအရင်းကိုပြန်စဉ်းစားကြည့်လို့မရ။ ကွန်ဒုံးသုံးတာကိုစိတ်ဆိုးနေတာလား။ အမြဲတမ်းသူတို့နှစ်ယောက်ဆက်ဆံရင်ကွန်ဒုံးသုံးနေကျဘဲကို။ ဒါမှမဟုတ် အဲ့ကလေးကိစ္စ...။

ကျစ်..သူပြောတာအမှန်ဘဲကို။ ကလေးသာမရှိခဲ့ရင်ရှောင်းကျန့်နဲ့သူညားခဲ့မှာလား။ ကလေးနှစ်နှစ်သားအရွယ်ရောက်မှဗြုန်းစားကြီးပေါ်လာပြီးသူဘာမှမပြင်ဆင်လိုက်ရသေးဘဲနဲ့ကလေးရဲ့ဒက်ဒီဖြစ်လာခဲ့ရတယ်။ သူလည်းဒီထက်ပိုပြီးကလေးနဲ့အချည်နှောင်မခံချင်တော့ဘူးလေ။ အဲ့ဒါကကိုယ့်သွေးသားကိုမချစ်ဘူးလို့ဆိုလိုတာမှမဟုတ်တာ..။ ဒီအတိုင်း ဝမ်ဝမ်တစ်ယောက်တည်းနဲ့တင်အလုပ်ရှုပ်နေပြီကို..

"ဒက်ဒီ ဒက်ဒီ!"

ဝမ်ရိပေါ်ကဆံပင်ဖြီးနေရာကနေဝမ်ဝမ်ဘက်လှည့်ကြည့်တယ်။ ဝမ်ဝမ်ကအိပ်ချင်မူးတူးလေးဖြစ်နေသေးပေမယ့်ကုတင်ပေါ်ကနေလျှောဆင်းလာကာဝမ်ရိပေါ်ဆီလက်ကမ်းတယ်။

"ဒက်ဒီ ဝမ်ဝမ်ရှူးပေါက်ချင်တယ်"

ဝမ်ရိပေါ်ကကလေးကိုကောက်ချီလိုက်ပြီးအိမ်သာခွက်မှာချပေးလိုက်တယ်။

"ရှူးပေါက်ပြီးရင်‌ဒီ‌ဟာကိုနှိပ်
သူ့ဘာသူရေဆွဲချသွားလိမ့်မယ်
ဒီမှာtissue ရှူးပေါက်ပြီးရင်မင်းဟာကိုသုတ်ဖို့"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now