Part- 29

24.5K 1.9K 216
                                    

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ

Part- 29

For unicode

"ပါးပါး ဝမ်ချောလား"

"ပါးပါးသားလေးကအချောဆုံးဘဲ"

ရှောင်းကျန့်ကသူ့သားဆံပင်လေးကိုအပေါ်ကစုပြီးပိုနီတေးလေးစည်းပေးလိုက်၏။ ပြီးမှဆံပင်ပါးပါးမျှင်မျှင်လေးတွေကိုဆံမိတ်ချပေးထားလိုက်တယ်။ မျက်လုံးဝိုင်းဝိုင်း၊ပါးဖောင်းဖောင်းလေးနဲ့ဝမ်ဝမ်ကအနောက်တိုင်းဝတ်စုံအဖြူရောင်‌နဲ့အရမ်းကိုချစ်ဖို့ကောင်းနေတော့သည်။ ရှောင်းကျန့်ကချစ်မဝလို့ထပ်ခါထပ်ခါနမ်းနေမိ၏။

"ဝမ်ဝမ်လေး!"

"ဘွားဘွား!"

ဝမ်ဝမ်ကသူ့အဘိုးအဘွားလာတော့ရှောင်းကျန့်ကိုယ်ပေါ်ကဆင်းပြီးသူ့အဘွားဆီပြေးသွားခဲ့၏။ မားနဲ့ပါးနောက်မှာတော့ရိပေါ်ကမျက်နှာငယ်နဲ့မတ်တပ်ရပ်နေတယ်။ ဘယ်လောက်ထိဆူခံထားရပြန်ပြီလဲမသိဘူး။ သူနဲ့ရိပေါ်မျက်လုံးချင်းဆုံမိကြတော့ရှောင်းကျန့်ကအလိုလိုမျက်လွှာချမိသွားတယ်။ ရိပေါ်အကြည့်တစ်ချက်နဲ့တောင်သူ့ရင်ထဲမှာဗြောင်းဆန်ကုန်ပြီ။ ရှောင်းကျန့်ကသူ့လက်တွေကိုအချင်းချင်းဆုတ်ကိုင်ထားပြီးခေါင်းငုံ့ရပ်နေမိတယ်။ သူမားနဲ့ပါးကိုနှုတ်ဆက်ဖို့တောင်သတိမရတော့ဘူး။

မားနဲ့ပါးကရယ်ပြီးထွက်သွားသံကိုကြားပေမယ့်ရိပေါ်ခြေသံကိုတော့မကြားလိုက်။ ရှောင်းကျန့်ကခေါင်းမော့ပြီးရိပေါ်ကိုကြည့်လိုက်တော့ရိပေါ်ကသူ့ဆီကိုတစ်ရွေ့ရွေ့လျှောက်လာတယ်။ ဒီအခိုက်အတန့်သူဘာဆက်လုပ်ရမလဲမသိတော့ဘူး။ သူရိပေါ်ကိုဆက်ပြီးကြည့်နေမိတယ်..။ ရိပေါ်ကသူ့ရှေ့ရောက်မှဒူးထောက်လိုက်တော့သူလန့်ပြီးအလိုလိုနောက်ဆုတ်မိသွား၏။

"ရှောင်း ကျွန်တော်တောင်းပန်ပါတယ်
အိမ်ကိုပြန်လာခဲ့ပေးပါ"

"ရိ.ရိပေါ်"

"ဒီ‌အတောအတွင်းဖြစ်ခဲ့သမျှတွေအကုန်လုံးကကျွန်တော့်အမှားတွေပါဘဲ
ကျွန်တော်မှားသွားပါတယ်..
ကျွန်တော်.ကျွန်တော်ဒီထက်ပိုပြီးခင်များနဲ့ခွဲမနေနိုင်တော့ဘူး"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now