Part- 23

20.4K 1.7K 141
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 23

For unicode

"ဝမ်ဝမ် ဒီတစ်ခါလည်းသားဘွားဘွားလာတွေ့တယ်
အပြင်ကိုလိုက်ခဲ့မယ်မလားဟင်"

"ဘွားဘွား"

"သားဘွားဘွားကသားအတွက်မုန့်တွေအများကြီးယူလာတယ်တဲ့
ပြီးတော့သားပါးပါးငယ်ငယ်ကအကြောင်းတွေလည်းပြောပြမယ်တဲ့"

"ဟုတ်လား"

"အွန်း ဆရာမနဲ့လိုက်ခဲ့မယ်မလားဟင်"

ဝမ်ဝမ်ကခေါင်းညိတ်ပြလိုက်ပြီးဆရာမ‌လက်ဆွဲကာတွေ့နေကျကစားကွင်းထဲကိုလိုက်လာခဲ့လိုက်သည်။ မူကြိုကျောင်းနဲ့ကစားကွင်းကသိပ်မဝေးပေ၊အားလပ်ချိန်မဟုတ်လို့ကစားမယ့်ကလေးတွေလည်းမရှိ။ ဂိတ်ဝမှာမူကြိုဆရာမကဂိတ်စောင့်ကိုဝန်ထမ်းကတ်ပြားပြလိုက်တာနဲ့တံခါးချက်ခြင်းဖွင့်ပေးလာသည်။

ဝမ်ဝမ်မူကြိုကထွက်လာတာနဲ့ဝမ်ဝမ့်ကိုစောင့်ရှောက်ဖို့ဝမ်ရိပေါ်လွှတ်ထားတဲ့လူကဝမ်ရိပေါ်ကိုချက်ချင်းသတင်းပို့လာခဲ့သည်။

"ဘွားဘွားက ဝမ့်ကိုဘာလို့ကျောင်းမှာလာမတွေ့တာလဲဟင်"

"ကျောင်းမှာလာတွေ့ဖို့ဆိုရင်မိသားစုတော်စပ်ကြောင်းလက်မှတ်ထိုးရလို့ပေါ့
ဝင်တွေ့ရဖို့ရှုပ်လည်းရှုပ်တယ်လေ
ဝမ်ဝမ်ကလိမ်မာပြီးအိမ်ကိုပြန်မတိုင်ရဘူးနော်
ကျောင်းမှာပျင်းစရာကြီး ဟုတ်တယ်မလား"

ဒီတစ်ခါတော့ဆရာမဝမ်ဝမ့်ကိုသေသေချာချာလေးနားလည်အောင်ရှင်းပြသည်။ ကလေးထိခိုက်နစ်နာအောင်လုပ်တာမှမဟုတ်ဘဲ။ ကလေးအဘွားနဲ့တွေ့ပေးရုံဘဲကို..

"ကဲ ဘွားဘွားနဲ့စကားပြောကြ
ဆရာမကဟိုးနားကစောင့်နေမယ်"

"ဟုတ်ကဲ့"

ဆရာမကသူမစောင့်နေမယ့်နေရာကိုလက်ညှိုးထိုးပြပြီးဝမ်ဝမ့်ကိုနှုတ်ဆက်ကာထွက်သွားခဲ့သည်။ ဒေါ်မုန့်ရွှီကဝမ်ဝမ့်ကိုမြင်တော့ဝမ်းသာအားရပြေးဖက်လာသည်။

"ငါ့မြေးတကယ်ဘဲ ဘွားဘွားဆီလာတွေ့တယ်"

"ဟုတ်"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now