Part- 11

20.5K 1.6K 94
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 11

For unicode

"ဟင် suncreenကုန်သွားပြီ"

ရှောင်းကျန့်ကမှန်တင်ခုံရှေ့မှာထိုင်နေပြီးတိုးတိုးလေးရေရွတ်‌လိုက်တာဖြစ်သည်။ ဝမ်ရိပေါ်ကအကျီကြယ်သီးတွေကိုတပ်ရင်းရှောင်းကျန့်ဘက်ဝေ့ကြည့်လိုက်၏။ ရှောင်းကျန့်ကsuncreenဘူးကိုအတင်းညှစ်ချနေပြီးထွက်လာတာတွေကိုမျက်နှာမှာနည်းနည်း၊လည်ပင်းမှာပါနည်းနည်းပွတ်လိမ်းလိုက်၏။ ပြီးမှနှာခမ်းအစိုဓာတ်ကိုထိန်းသိမ်းဖို့ lip balm ပါနည်းနည်းလိမ်းလိုက်၏။

(ယောက်ျားတွေလည်းskin careပါတယ်နော်၊ skinကိုထိန်းသိမ်းဖို့ပါ။)

"ပြီးရင်ကျွန်တော့်ကိုnecktie လာတပ်ပေးဦး"

ရှောင်းကျန့်က‌အရေပြားထိစိမ့်ဝင်သွားအောင်သူ့ပါးသူတစ်ချက်နှစ်ချက်ပုတ်လိုက်ပြီးမှရိပေါ်ရှေ့လာရပ်တယ်။

"အစည်းဝေးရှိလို့လား"

"မဟုတ်ပါဘူး.."

"ပုံမှန်ဆိုမင်းnecktieစည်းလေ့မရှိလို့.."

"အင်း ဖျော်ဖြေရေးကုမ္ပဏီမှာနည်းနည်းရင်းနှီးမြှုပ်နှံထားလို့.."

"ဘယ်လောက်တောင်ရင်းနှီးထားတာလဲ"

"နည်းနည်း.."

"ဘယ်လောက်လဲ"

"ဘာလို့သိချင်နေရတာလဲကွာ"

"ရှုပ်ရှုပ်ယှက်ယှက်တွေမကြားချင်ဘူးနော်"

"ခင်များသဝန်တိုမှာလား"

"ညစာမကျွေးဘဲထားမှာ!.."

"Entertainment ဘက်ကိုခြေဆန့်ကြည့်မလို့
ကျွန်တော်ရင်းနှီးမြှုပ်နှံထားတဲ့နေရာတွေမှအများကြီး
အခုလည်းဇာတ်ကားတစ်ကားမှာနည်းနည်းရင်းနှီးမြှုပ်နှံထားတယ်
ပြီးရင်ကိုယ်တို့music industryကဘဲအဲ့ဇာတ်ကားအတွက်ostထုတ်ပေးမှာ"

"အလုပ်ကြိုးစားလှချည်လား
ပိုက်ဆံကျတော့မအပ်ဘူး"

ရှောင်းကျန့်ကနှာခမ်းချွန်ချွန်လေးကိုစုကာချွဲချွဲလေးဆိုတယ်။ ရိပေါ်ကlip balm ဆိုးထားလို့စိုစိုလေးဖြစ်နေတဲ့ထိုနှာခမ်းရဲရဲလေးကိုအသည်းယားလာကာသူ့နှာခမ်းနဲ့အသာထွေးငုံလိုက်၏။ သုံးမကုန်တဲ့ black cardပေးထားပြီးသား‌ဘဲလေ။ သူ့ဘာသူကပ်စီးနည်းပြီးဘာမှမဝယ်ဘဲနဲ့..။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now