Final Part

24.3K 1.5K 96
                                    

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ

Final part

For unicode

ရှောင်းကျန့်ကအဲ့နေ့ကစပြီးရိပေါ်ကိုပြန်ဒဏ်ခတ်ဖို့ဆုံးဖြတ်လိုက်တယ်။ အစကတည်းကရှောင်းကျန့်ရဲ့အကွက်တွေကိုအဆုံးထိမှထုတ်မသုံးရသေးတာ။ သူ့ကိုမထိဘဲနေနိုင်ရိုးလားကြည့်ရတာပေါ့..

‌ပထမနေ့မှာရှောင်းကျန့်ကရှော့ပင်းထွက်တယ်။ နောက်လအနည်းငယ်ဆိုရင်ဗိုက်ထွက်လာတော့မှာမို့ဗိုက်ဖုံးညဝတ်အကျီလှလှလေးချုပ်ဖို့အတွက်ပိုးသားစတွေ၊ကြိုးစပန့်စတွေ၊ချည်သားစတွေအများကြီးဝယ်ပြီး designerဆီသွားအပ်လိုက်တယ်။

ပြီးတော့ညတိုင်းရိပေါ်ရင်ထဲကလိကလိဖြစ်အောင်နေထိုင်ပြတယ်။ ရှောင်းကျန့်ကမှန်တင်ခုံရှေ့မှာရပ်ပြီးဗိုက်နေရာတစ်ဝိုက်ကိုဘဲလှန်ပြီးအလှဆီလိမ်းလိုက်၏။ ရင်ဘက်အထိသူလှန်မတင်ရဲ။ ကိုယ်ဝန်ရင့်လာတော့သူ့ရဲ့sensitiveအဖြစ်ဆုံးနေရာကသူ့ရင်ဘက်တွေပင်။ ရိပေါ်ကအခုနောက်ပိုင်းသူ့ကိုသိပ်မထိတော့သူပြောင်းလဲလာတာတွေကိုသတိထားမိမှာမဟုတ်သေး။ ကိုယ်ဝန်တစ်ခါရှိတိုင်းအဲ့နေရာကဘဲအထိမခံနိုင်အောင်နာကျင်တတ်သည်။

ရှောင်းကျန့်ကညဝတ်အကျီဆွယ်တာကိုရင်ဘက်အောက်နားမှာဘယ်လက်နဲ့ကိုင်ထားပြီးညဘက်လက်ကသူ့ဗိုက်လေးကိုသူပွတ်ပြီးအလှဆီလိမ်းလိုက်၏။ ၃လဗိုက်ကသိပ်မထွက်သေးပေမယ့်စမ်းလို့တော့တွေ့နေပြီ။ ဒါပေမယ့်သူကဆွယ်တာထူထူကြီးတွေကိုရောင်စုံဝတ်တော့ကိုယ်ဝန်ရှိနေမှန်းတောင်မသိသာသေးပါ။ နေရောင်မထိတဲ့ခါးဖြူဖြူလေးကသွယ်လျပြီးလှချင်တိုင်းလှနေတော့သည်။ ကိုယ်ဝန်ရင့်လာရင်တော့ဒီခါးကပျောက်ပြန်ဦးမယ်..

ဝမ်ရိပေါ်ကခါးဖြူဖြူလေးကိုကြည့်ပြီးတံတွေးမြိုချလိုက်၏။ ဒါပေ‌မယ့်သူထိုခါးလေးဆီမှအကြည့်မလွှဲနိုင်တော့ပေ။ လိင်ကိစ္စတွေနဲ့ဝေးကွာနေတာကြာလို့သူ့အကောင်ကြီးကလည်းစိတ်အားထက်သန်လာခဲ့၏။ ဝမ်ရိပေါ်ကခြေကိုလိမ်ကျစ်လိုက်ပြီးမျက်နှာကတော့တစ်ချက်မှမပျက်ဘဲတံတွေးသာအကြိမ်ကြိမ်မြိုချနေမိ၏။ ရှောင်းကကိုယ်ဝန်နဲ့ သူသည်းခံနိုင်ရမယ်။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now