Part- 27

22.8K 1.8K 243
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 27

For unicode

ထိုနေ့ကစပြီးရှောင်းကျန့်ကရိရန်အတွက်ထမင်းမချက်ပေးတော့။ အခုချိန်ထိရိပေါ်စကားကိုဘာလို့နာခံနေမိမှန်းသူ့ကိုယ်သူလည်းမသိတော့ပါ။ ရိရန်အိမ်မှာလည်းအလကားမနေချင်တာကြောင့်ရှောင်းကျန့်ကပိုနေတဲ့အခန်းကိုငှားပေးဖို့ရိရန်ကိုတောင်းဆိုခဲ့သည်။ ရိရန်ကအလကားနေလို့ရတယ်ဆိုပေမယ့် သူဘယ်သူ့ဆီမှာမှကျေးဇူးကြွေးမတင်လိုတော့။ သူခေါင်းမာမာနဲ့နေစရိတ်ပေးခဲ့သည်။

"ရှောင်းကျန့်! ရှောင်းကျန့်!"

"ဘာဖြစ်လို့လဲရိရန်"

ဆောင်းကိုဝင်လာပြီမို့ရှောင်းကျန့်ကအခန်းထဲမှာနေပြီးဘဲလည်စည်းထိုးနေခဲ့သည်။ ဒါပေမယ့်သူဘာလို့အစိမ်းရောင်ကိုဘဲရွေးချယ်မိလည်းမသိတော့ပါ။

"မင်းဖုန်းဖွင့်ကြည့်လိုက်ဦး"

‌ရိရန်ကအရေးကြီးသလိုပြောနေတာကြောင့်ရှောင်းကျန့်ကသူ့ဖုန်းကိုဖွင့်ပြီးသတင်းတွေကိုလျှောက်ကြည့်လိုက်၏။ အရင်လိုရိပေါ်ခြေရာခံမိသွားမှာစိုးလို့ဖုန်းကိုအမြဲတမ်းစက်ပိတ်ထားစရာလည်းမလိုတော့ပါ။ ရိပေါ်ကသူ့ဆီကိုဟိုနေ့ကစပြီးထပ်မလာတော့။ သူ့ပစ္စည်းတွေကိုတော့နောက်နေ့ရိပေါ်အလုပ်သွားချိန်ကျမှသွား‌ယူတော့မည်။

"HSကိုမြင်လား"

ရှောင်းကျန့်ကရှောင်းပိုင်သတင်းကိုတွေ့တော့ချိတုံချတုံဖြစ်နေပြီးဝင်ကြည့်ရမလားဝေခွဲမရဖြစ်နေသည်။ ဝင်ကြည့်မိရင်လည်းသူစိတ်ထိခိုက်ရမှာကိုကြောက်မိသည်။ ရှောင်းကျန့်ကရိရန်ကိုကြည့်လိုက်ပြီးသတင်းကိုနှိပ်လိုက်၏။ video ထဲမှာရှောင်းပိုင်ကဟူဒီပွပွတစ်ထည်ကိုဝတ်ထားပြီးမျက်နှာကအနည်းငယ်နွမ်းလျနေသည်။

"နိဟောင် ကျွန်တော်ကရှောင်းပိုင်ပါ
ပထမဆုံးအနေနဲ့အခုမှထွက်လာမိလို့တောင်းပန်ပါတယ်
ကျွန်တော်ကြောက်နေမိတာ ဒီအောင်မြင်မှုတွေဆုံးရှုံးရမှာကို ဒီနှစ်တွေအတွင်းမှာကျွန်တော်ကိုချစ်ပေးအားပေးကျလို့ကျေးဇူးအများကြီးတင်ပါတယ်
ပြီးတော့ကျွန်တော်ပရိတ်သတ်တွေအားလုံးကိုအသိပေးစရာရှိပါတယ်"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now