Part-13

20.5K 1.6K 112
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 13

For unicode

ရှောင်းကျန့်Cနိုင်ငံမှာတုန်းကငွေကြေးအခက်အခဲဖြစ်လာလို့သူ့အိမ်ကိုပြန်ဆက်သွယ်ခဲ့သည်။ ကိုယ်ဝန်လနုတုန်းကအလုပ်လုပ်နိုင်ခဲ့သေးပေမယ့်ကိုယ်ဝန်လရင့်လာတော့အလုပ်လုပ်လို့ဘယ်လိုမှမဖြစ်တော့။သူ့မှာလည်းplacenta previa stage 2(အချင်းရှေ့ရောက်ခြင်း)နဲ့complete bed restနေရမယ့်အခြေအနေဆိုတော့အိမ်ကိုပြန်ဆက်သွယ်ခဲ့ရသည်။ ရိပေါ်သူ့ကိုအသည်းအသန်ရှာနေတယ်ကြားပေမယ့်သူရိပေါ်ကိုဘယ်လိုမှမဆက်သွယ်ရဲခဲ့။

နောက်ဆုံးခွဲစိတ်ပြီးမွေးရမယ့်အခြေအနေဆိုပေမယ့်ရှောင်းကျန့်ကရိုးရိုးမွေးဖို့သာဆုံးဖြတ်ခဲ့သည်။ placenta previa stage 2ကရိုးရိုးမွေးလို့ရသေးပေမယ့်ကလေးကခေါင်းကြီးနေလို့OGကခွဲစိတ်ဖို့သာဆုံးဖြတ်ခဲ့သည်။ ကလေးမွေးဖို့ကုန်ကျမယ့်ငွေတွေနဲ့ကလေးပြုစုဖို့သူနာပြုငှားရမ်းခကိုတွက်ကြည့်မိတော့သူရင်မောသွားရသည်။

ရှောင်းကျန့်ကဖုန်းကိုကိုင်ထားပြီးအိမ်ကိုမရဲတရဲဖုန်းဆက်လိုက်မိသည်။ ဖုန်းဝင်သွားတော့ရှောင်းပိုင်လာကိုင်ပါစေလို့တောင်ဆုတောင်းမိတယ်။ ရှောင်းပိုင်နဲ့သူဘယ်လိုကိစ္စတွေဘဲဖြစ်ခဲ့ပါစေ ရှောင်းပိုင်ကငွေရေးကြေးရေးကိစ္စမှာသိပ်မကုတ်စေးတတ်။ ဒါပေမယ့်ဖုန်းလာကိုင်တဲ့သူကMrs.ရှောင်းဖြစ်နေခဲ့သည်။

"ဟယ်လို"

"Mrs.ရှောင်း ကျွန်တော်ပါ"

"ရှောင်းကျန့်လား ဘာကိစ္စရှိလို့လဲ"

"ပါးရှိလား"

"နင့်အဖေမအားဘူး ပြောစရာရှိတာငါ့ကိုပြော"

"ကျွန်တော်ပိုက်ဆံနည်းနည်းလိုနေလို့.."

"အဲ့တော့.."

"ကျွန်တော်ငွေနည်းနည်းလောက်ချေးချင်လို့ပါ"

"ရှောင်းကျန့် မင်းသတင်းမကြည့်ဘူးလား
မင်းထွက်သွားတဲ့နေ့ကတည်းကမင်းရှောင်းအိမ်နဲ့ဘာမှမဆိုင်တော့ဘူး
ဒါမှမဟုတ် အမွေတွေကိုမျှော်လင့်နေတာလား"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now