ch 75 Fu Shiwen is sick again

9.6K 224 15
                                    

Ji Ke သည် မှတ်စုကိုယူ၍ မှတ်စု၏နောက်ဘက်ရှိ task လုပ်ရမည့် တည်နေရာအချက်အလက်ကို တွေ့ရှိခဲ့သည်။

တခြားအဖွဲ့တွေကလည်း မှတ်စုတွေ မဲနှိုက်ပြီး သူတို့ရဲ့တာဝန်အသီးသီးကို ယူတယ်။ နောက်ဆုံးတွင် Liang Huai နှင့် Fu Shiwen သာ ကျန်တော့သည်။

"မင်း နှိုက်မှာလား ငါနှိုက်ရမှာလား " Liang Huai က မေးသည်။

Fu Shiwen သည် Ji Ke မှ မျက်လုံးများကို ခဲယဉ်းစွာ ခွာလိုက်ပြီး Liang Huai ကို တိုတိုတုတ်စိုက်ကြည့်ကာ စကားနှစ်ခွန်း အတိုချုန်း ေပြာသည် “ဘာပဲဖြစ်ဖြစ်"

Liang Huai သည် မဲပုံးဆီသို့ လျှောက်သွားပြီး task စာရွက်ကို ထုတ်ယူလိုက်သည်။

ကမ်းခြေရဲတိုက်၊ task ၏အခက်အခဲမှာ ကြယ် ၁ ပွင့်ဖြစ်ပြီး အမှတ်မှာ ၁၀ မှတ် ရမည်ဖြစ်သည်။

Ji Ke နှင့် Yun Jin ထွက်ခွာသွားသည် ။

မှတ်စု၏နောက်ကျောရှိလိပ်စာမှတစ်ဆင့် ဆယ်မိနစ်ကျော်ကြာပြီးနောက် ကမ်းခြေတွင် Guan Jian NPC ကို တွေ့ရှိခဲ့သည်။ NPC သည် အသေးစားရောင်းချသူ၏ ပိုင်ရှင်ဖြစ်သည်။

ဆိုင်ပိုင်ရှင်က ကမာတောင်းတွေကို သူတို့ရှေ့မှာတင်ပြီး “မင်းဒီမှာ နောက်ဆုံးတော့ ရောက်လာကြပြီ​ ဒီ တောင်းကို မင်းတို့ လက်ထဲ အပ်လိုက်မယ်။" ဟု စိတ်သက်သာရာရစွာပြောသည်

Yun Jin အံသြသွားသည်။

"Ah? ငါတို့ရဲ့တာဝန်ကဘာလဲ"

သူဌေးက ပြုံးပြုံးလေးနဲ့ပြောတယ် " ကမာစိမ်းရောင်းရင် ယွမ် ၁၀၀၀ လောက်ရရင် မစ်ရှင်ပြီးသွားပြီ။"

  " "
ပိုင်ရှင်အမျိုးသမီးက "ကမာ​ ကောင်ကို ကိုယ်တိုင်​ သေချာပေါက် ကင်ပြီး ရောင်းရမှာ၊ ဒါပေမယ့် ကမာတစ်ကောင်ရဲ့ဈေးက ၁၀ ယွမ်ထက် မပိုပါဘူး" ဟုဆိုသည်။

Yun Jin ၏မျက်နှာပျက်သွားကာ "ဒုက္ခပါပဲ?" သူ့ရဲ့ကျော်ကြားမှုနဲ့အတူ  ရိုးရှင်းတဲ့ရောင်းခြင်း လုပ်ရမည်လို့ ကျွန်တော်ထင်ခဲ့တယ်၊ ဒါက လွယ်တဲ့ကိစ္စမဟုတ် တော့ဘူး။

Ji Ke သည် ပိုင်ရှင်ဖြစ်သူကို အေးဆေးစွာကြည့်ကာ "ကျွန် တော် ကမာကောင် ကို ကောင်းကောင်း မကင်တတ်ဘူး၊ ခင်ဗျား အစမ်းကင်ပြလို့ရမလား"

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now