Chapter 110 Reconsidering Their Relationship

357 35 0
                                    

ကျီခယ်း သည် သူ့မျက်လုံးများကို အနည်းငယ်ဖွင့်လိုက်ချိန်မှာ ဖူ့ရှိဝမ် ၏ နက်မှောင်သောမျက်လုံးများကို တွေ့လိုက်ရသည်။ ဖယောင်းတိုင်မီးမှ အလင်းရောင်သည် ထိုအလွန်လှပသော မျက်လုံးများတွင် ကပြနေသလိုမျိုး နှင့်ဖွင့်မပြောနိုင်သော ခံစားချက်များ ဖြစ်ပေါ်နေသည်။
ကျီခယ်းက ငြင်းသင့်ကောင်းပေမယ့် စကားတွေ နှုတ်ခမ်းနားကို ရောက်တဲ့အခါ မပြောနိုင်ခဲ့ပါဘူး။

ကျီခယ်း သည် မျက်လုံးများကိုမှိတ်ထားပြီး ပေါ့ပေါ့ပါးပါး 'အွန်း' ဟုညည်းလိုက်သည်။

လူငယ်၏ နားရွက်ဖြူလေး အနီရောင်ပြောင်းလာသည်ကို မြင်လိုက်ရသောအခါ ဖူရှီဝမ်၏ နှုတ်ခမ်းများ အပေါ်သို့ကေွးတက်သွားသည်။ ဆိုဖာရှေ့တွင် ထိုင်ချလိုက်ပြီး လူငယ်၏ခြေထောက်ကို မြှောက်ကာ လူငယ်လေး၏ ထုံကျင်နေသော ခြေကျင်းဝတ်ကို လက်တစ်ချောင်းဖြင့် နှိပ်လိုက်သည်။

ဖူ့ရှိဝမ် : "အားယွီ၊ ကိုယ် ကတိပေးတယ်၊အရင်တခါကလို မဖြစ်စေရဘူး"

ဖူ့ရှိဝမ် က နှိပ်နယ်နည်းကို ဘယ်မှာ သင်ယူခဲ့မှန်းမသိဘူး။ သူ့လက်ချောင်းတွေက သွက်လက်ပြီး သူ့အစွမ်းသတ္တိက မှန်ကန်တယ်။ သူ့လက်ချောင်းထိပ်များအောက်တွင် ကျီခယ်း ၏ နဂိုက နာကျင်နေသော ခြေထောက်များသည် တဖြည်းဖြည်း ပျော့ပျောင်းလာသည်။ စမ်းရေထဲမှာ စိမ်ထားသလိုမျိုး ပူလာတယ်။

"ဘယ်လိုလဲ၊ ဒီတစ်ခါက အရင်တစ်ခေါက်နဲ့ မတူဘူးဟုတ်လား အားယွီ ဆောင်းရာသီမှာ မင်းခြေထောက်တွေ အေးနေတာပဲ၊ အဲဒါတွေကို မကြာခဏ နှိပ်ပေးရမယ်။" ဖူရှီဝမ်က တိုးတိုးလေးပြောသည်။

ကျီခယ်းသည် ဆိုဖာပေါ်တွင် လှဲနေရာမှ ခေါင်းညိတ်ကာ အနည်းငယ် အိပ်ငိုက်နေသည်။

ဖူ့ရှိဝမ် ၏ လက်ချောင်းများသည် မှန်ကန်သော အားပမာဏစွမ်းဖြင့် အရေပြားကို တစ်လက်မဖြင့် စက်ဝိုင်းပုံဆွဲကာ အသာအယာ ဖိလိုက်ခြင်းကို ခံစားနိုင်သည်။

အရမ်း နေလို့ကောင်းတယ်။

ကျီခယ်း သည် အတိတ်က လူမှုရေးတွေ့ဆုံပွဲတစ်ခုကို ယောင်ဝါးဝါး သတိရလိုက်သည်၊ ကျောက်မီးသွေး သူဌေးက ရင်းနှီးမြှပ်နှံလိုပြီး အနှိပ်သညါပညာရှင်များရှိရာ အဆင့်မြင့် ကလပ်တစ်ခုသို့ ခေါ်သွားခဲ့သည်။ အနှိပ်နည်းပညာရှင်များသည် အသက်မွေးဝမ်းကြောင်းအတွက် ဤအလုပ်မျိုးကို အားကိုးကြသော်လည်း ဖူ့ရှိဝမ် - သူသည် ဤမျှလောက် တတ်မြောက်နိုင်မည်နည်း။ ??

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now