Chapter 80 Don't dare to reach out and touch

905 113 2
                                    


"ဒါ... ဒါ မကောင်းဘူး!" ယွင်ကျင် လန့်သွားသည်။

    "လျိုင်ဟွိုင် မင်းစိတ်မဆိုးဘူးမလား" ဖူ့ရှိဝမ်  သည် လျိုင်ဟွိုင် ကို ကြည့်လိုက်သည်။ လျိုင်ဟွိုင် သည် တဲ ဖက်စပ်ပိုင်ရှင်ဖြစ်ပြီး ဖူ့ရှိဝမ် က သူ၏ထင်မြင်ချက်ကို တောင်းဆိုနေပါသည်။

    လျိုင်ဟွိုင် သည် ဖူ့ရှိဝမ် ကို နှစ်စက္ကန့်ကြာ စိုက်ကြည့်ကာ "ကျွန်တော် စိတ်မဆိုးပါဘူး"

    ယွင်ကျင် သည် သူ၏ ရှုပ်ထွေးနေသော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ကာ မျက်တောင်ခတ်လိုက်သည်။

    ယွင်ကျင် သည် ဖူ့ရှိဝမ် ကို ကြည့်လိုက်ပြီးနောက် လျိုင်ဟွိုင် ကို ကြည့်လိုက်သည် ...

    လျိုင်ဟွိုင် က  စိတ်မဆိုးဘူး တဲ့ ...

ယွင်ကျင် သည် လျိုင်ဟွိုင် ၏ မျက်နှာကို စိုက်ကြည့်ရင်း တစ်ချိန်က လှပသော အကြည့်များက သူ့စိတ်ထဲတွင် ပေါ်လာသည်..။

    သို့သော် ထိုလှပသော အရာများသည် ပူဖောင်းများကဲ့သို့ပင်၊ တစ်ချိန်က သူ့အား လျိုင်ဟွိုင် ပြောခဲ့ဖူးသော အေးစက်ရက်စက်သော စကားလုံးများဖြင့် ထိုးဖောက်ခံခဲ့ရသည်။

    "ငါ​​တော့အဆင်မ​ပြေဘူး။"ကျီခယ်း က ရုတ်​တရက်​ "ယွင်ကျင် ငါတို့ တစ်​ဖွဲ့ထဲပဲနော်။"

    ယွင်ကျင် က အချိန်အတော်ကြာ ကြောင်သွားကာ တောင့်တောင့်ကြီးနှင့် "အဲ... ကျီခယ်း ... ငါ... ညကြီး လေဟာပြင်(မြေကွက်လပ်)မှာ အိပ်လို့မရဘူး... ငါ တဲထဲမှာ အိပ်ချင်တယ်..."

    ကျီခယ်း သည် ယွင်ကျင် ကို အနည်းငယ် မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။

လျိုင်ဟွိုင် သည် ယွင်ကျင် ၏ အချစ်ကို  လျစ်လျူရှုခဲ့သည်။ ယွင်ကျင် က ဘာလို့ အမြဲတမ်း ဒီတိုင်းပဲ နေနိုင် တာလဲ။ ဒီလောက်မိုက်မဲပြီး စျေးပေါ​​နေတာကို သူမသိဘူးလား။

    အသက်ကို ဂရုမစိုက်ဘဲ နစ်မြုပ်သွားသော အချစ်သည် တစ်ဖက်သတ် ပွန်းပဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်၊ နောက်ဆုံးတွင် ငတံုးတစ်ယောက်လို ထွက်ပြေးသွားရလိမ့်မည်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now