Chapter 121 The end. Fanwai Yunjin X Lianghuai 2

381 33 0
                                    


ညဘက်တွင် ဖူ့ရှိဝမ်  သည် မီးဖိုချောင်ထဲတွင် အချိန်အတော်ကြာ အလုပ်ရှုပ်ပနေခဲ့သည်။

"ဒီနေ့ ထူးခြားတဲ့နေ့လား?" ယွင်းကျင်း သည် မီးဖိုချောင်မှ မွှေးပျံ့သောရနံ့ကို ရနံ့ရနေသည့်အတွကါ ကျီခယ်း ကို မေးလိုက်တယ်။

"အင်း၊ ဟုတ်တယ်။" ကျီခယ်း က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဗိုက်ပေါ်တင်လိုက်သည်။

ကျီခယ်း ၏ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်လိုက်တော့ ယွင်းကျင်း သည် နောက်ထပ် ခွေးစာလက်တစ်ဆုပ်စာ သူ့ပါးစပ်ထဲသို့ ဝင်လာသည်ဟု သံသယဖြစ်မိသည်။

ဖူ့ရှိဝမ်  က နောက်ဆုံး ဟင်းခွက်ပူပူကို စားပွဲပေါ်သို့ ယူလာကာ ခါးစည်း(အေပရွန်)ကို ချွတ်လိုက်ပြီး ကျီခယ်း ကို အမှီပြုရန်ကူလိုက်သည်။

ကျီခယ်း : "ငါ တစ်ယောက်တည်း သွားလို့ရတယ်။" ဖူ့ရှိဝမ်  က သူ့အပေါ် အရမ်းဂရုစိုက်တယ်လို့ ကျီခယ်း က ခံစားလိုက်ရတယ်၊ သူက ကျိုးလွယ်တဲ့ ဖန်ထည်ပစ္စည်းတစ်ခုလို၊ ဒါပေမဲ့သူက သိပ်သိမ်မွေ့နေတဲ့အရာ မဟုတ်ဘူး။

ဖူ့ရှိဝမ်  : "ဒါပေမယ့် ကိုယ် မင်းကို ကူချင်တယ်"

ဖူ့ရှိဝမ်  က ကျီခယ်းကို ထမင်းစား စားပွဲအနားထိလိုက်ပို့ပြီး ကျီခယ်း ကို ထိုင်ခုံတစ်လုံး ဆွဲပေးလိုက်တယ်။ ကျီခယ်းထိုင်ပြီးနောက်တွင် သူသည် ကျီခယ်း၏လက်ထဲသို့ တူကို ဂရုတစိုက် ပေးလိုက်သည်။

ဒီမြင်ကွင်းကို ကြည့်လိုက်တော့ ယွင်းကျင်း စိတ်ထဲမှာ အတွေးတစ်ခုပဲရှိတော့တယ်။ အိမ်ကို စောစော တတ်နိုင်သမျှ အမြန်ဆုံး ပြောင်းဖို့ လိုတယ်။

မဟုတ်ရင် တစ်နေ့ ခွေးစာတွေ ပြည့်လာလိမ့်မယ်။

မစ္စလန်က ကျီရွမ်ရွမ်ကို ချလိုက်ပြီး ပန်းကန်တွေပြည့်နေတဲ့ စားပွဲကိုတွေ့တော့ :  "ရှီဝမ်၊ ဟင်းအများကြီး ဘယ်လိုချက်တာလဲ"

အိမ်မှာအကူအဒေါ်က ချက်ပြုတ်လေ့ရှိပေမယ့် ဒီနေ့ ဖူ့ရှိဝမ်  က အထူးထမင်းချက်ပြီး ဒီလို ဟင်းပွဲကြီးကို ချက်ပြုတ်ပါတယ်။

ဖူ့ရှိဝမ်  က ပြုံးပြီး : "ဒီနေ့ ပြောစရာ သတင်းကောင်းရှိလို့" လို့ပြောလိုက်တယ်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now