Chapter 88 Liang Huai, don't stay at my house, please

753 102 1
                                    

ပရိတ်သတ်တွေ စောင့်မျှော်နေကြတဲ့ "စင်ဒရဲလား" ကတော့ နောက်ဆုံးတော့ ရောက်လာပါပြီ။

    စနေ တနဂ်နွေ နေ့များတွင်တောင်သိပ် အားလေ့မရှိသော ယွင်းကျင်က ကွန်ပြူတာဖွင့်လိုက်ပြီ ကော်ဖီခွက်ကို စားပွဲပေါ်တင်တာ ကျီခယ်းကို ဆွဲခေါ်လိုက်တယ်။

    "ကျီကျီ ဒါ ငါတို့ အတူတူ ဖန်သားပြင်မှာ ပထမဆုံး ပေါ်လာတာဘဲ!"

     ကျီခယ်းမှာ လုပ်စရာတွေရှိပေမယ့် ယွင်းကျင် ရဲ့မျှော်လင့်ချက်ပြည့်ဝ‌ေနတဲ့မျက်ဝန်းကိုကြည့်ရင်း သူထိုင်ပြီးကြည့်နေခဲ့တယ်။

    ရှိုးပွဲက အရမ်းနာမည်ကြီးတယ်။

    ထုတ်လွှင့်ပြီး သိပ်မကြာခင်မှာပဲ ဗီဒီယိုမှာ မှတ်ချက်တွေ အများကြီးရှိခဲ့ပါတယ်။

    ကျီခယ်း က သူ့ကိုယ်သူ မိတ်ဆက်တဲ့အခါ "ရှုမင်" ဆိုတဲ့ ကွန်ပလိန်းတေ လွင့်ပျံလာခဲ့တယ်။

    "ဟင့်အင်း၊ ဒါက ရှုမင် မဟုတ်လား။"

    "ကြည့်ရတာ  ရှုမင်နဲ့တူတယ်!"

    " ရှုမင် ရဲ့‌ ပျောက်ဆုံးနေတဲ့ အစ်ကိုလား?"

    ယွင်းကျင် က မှတ်ချက်တွေကို တစ်ချက်ကြည့်လိုက်ပြီး "ဘာမျက်လုံးနဲ့ ကြည့်နေကြလို့ ငါ့ ကျီခယ်း က  ရှုမင် နဲ့တူတာလဲ၊ မဟုတ်ဘူး။"
    ပြောပြီးတာနဲ့ယွင်းကျင် က သူ့ခါးကို ဆုပ်ကိုင်လိုက်ပြီး ကီးဘုတ်ပေါ်မှာ စာရိုက်ပါတော့တယ်။

"ဘာ ရှုမင်လဲ၊ ဒါ ကျီခယ်း ပါ၊ မင်း ရှုမင် အိမ်ကြားက လမ်း 300 လောက်မှာ ထားခဲ့လိုက်။"

    ယွင်းကျင် သည် ဗီဒီယိုအပေါ်တွင် လွင့်မျောနေသော စကားလုံးများကို မြင်သောအခါ ဟစ်အော်လိုက်သည်။

    ကျီခယ်း က ပြုံးပြီး "ယွင်းကျင် ထားလိုက်ပါ ငါ ဘာမှမဖြစ်ဘူး "

   ဒီလို စကားတွေ မကြားရသည်မှာ ကြာပြီဖြစ်သည်။ သူသည် အန်းချိန်း ကဲ့သို့မဟုတ်ပါက ဖူ့ရှိဝမ် သည် သူ့အား အစားထိုးခံ သုံးခဲ့မည်မဟုတ်။

    ဤအခိုက်အတန့်တွင်၊ ဖန်သားပြင်ပေါ်တွင် ကွန်းမန့်တစ်ခု လွင့်ပျံနေသည်- "ဒါက ရှုမင် ၏ အဆင့်နိမ့်ပိုင်းဗားရှင်းလား?"

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now