Ch 139 Extra card collection zawgyi ver

91 4 0
                                    

ဝိုင်၏ မွှေးပျံ့သောရနံ့သည် သူ့ပါးစပ်ထဲသို့ စိမ့်ဝင်သွားပြီး လျိုင်ဟွိုင်၏ နှုတ်ခမ်းလှုပ်ရှားမှုများသည် နူးညံ့သော်လည်း အနည်းငယ် ခံနိုင်ရည်မရှိတော့ပေ။

လူအများစုသည် အရက်မူးသောအခါ ရူးသွားတတ်သည်ဟု ဆိုကြသည်။ လျိုင်ဟွိုင် ကဲ့သို့ သတိစိတ်ရှိရန်မှာ ရှားပါသည်။

သူ၏ သွယ်လျသောလက်ချောင်းများသည် ယွင်းကျင်း၏အဝတ်ကြယ်သီးများကို လျင်မြန်သွက်လက်စွာဖြုတ်ကာ အနားသို့တိုးကပ်၍ နူးညံ့သောအနမ်းတစ်ခုပေလေသည်။

သူ့ရင်ဘတ်မှာတွယ်ကပ်နေတဲ့ အနက်ရောင်ဦးခေါင်းကို ကြည့်လိုက်တော့ ယွင်းကျင်းဟာ  လှီးဖြတ်ခံနေရတဲ့ အသားတစ်ပိုင်းကလိုမျိုး သူ့ဗိုက်ထဲကို ကိုက်နေသလို ခံစားရတယ်။

သို့သော်လျိုင်ဟွိုင် သည် သူ့ဘောင်းဘီကို ချွတ်ပြီးနောက် နောက်တစ်ဆင့်သို့ မတက်ခဲ့ပေ။

သူရပ်တန့်သွားတယ်။

ယွင်းကျင်းသည် ခဏစောင့်ဆိုင်းပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ လျိုင်ဟွိုင်က သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

ယွင်းကျင်း အနည်းငယ်ရှက်သွားပြီး သူ၏ခြေထောက်များကို ကောက်ကွေးကာ မခံနိုင်တော့ဘဲ : "မကြည့်နဲ့၊ အဲ့ဒါ ရုပ်ဆိုးတယ်"

လျိုင်ဟွိုင်က ယွင်းကျင်းရဲ့အရာလေးကို သူ့လက်ချောင်းလေးတွေနဲ့ ညင်သာစွာ ဆွလိုက်ပြီး သူ့နှုတ်ခမ်းထောင့် အနည်းငယ် မြှင့်တက်ပြီး : "ဒါက အရမ်းချစ်စရာကောင်းတာပဲ"

ယွင်းကျင်း၏ နားရွက်များ ချက်ချင်းနီရဲလာပြီး သူ ရှက်ကိုးရှက်ကန်းဖြင့် : "လုပ်ပါ မြန်မြန်လုပ်"

လျိုင်ဟွိုင် က ကုတင်ကို လက်တစ်ဖက်နဲ့ ထောက်ပြီး ကျန်လက်တစ်ဖက်နဲ့ သူ့နဖူးပေါ်မှာ၊ ခွန်အားမဲ့စွာ ယွင်းကျင်းကိုကြည့်ရင်း : "ငါမူးနေပြီ ငါ(ငါ့ဟာ)ထ(မာ)လို့မရဘူး"

ယွင်းကျင်း: "..."

ဒီလိုမျိုး မီးတောက်အောင်လုပ်ပြီး တစ်ဝက်လောက်မှာ ရပ်တန့်လို့မရဘူးလေ။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now