Chapter 112 Eighteen-year-old Fu Shiwen zawgyi ver

167 8 0
                                    


ကျီခယ်း သည် နှစ်စက္ကန့်ကြာ အံ့အားသင့်သွားကာ ဤမြင်ကွင်းကို ရင်းနှီးနေပုံရသည်။

သူက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဖူရှီဝမ်ကို ကြည့်ကာ မျက်မှောင်ကြုတ်ကာ : "ဖူရှီဝမ်၊ ဘယ်သူမှ နှစ်ခါအလိမ်ခံမှာ မဟုတ်ဘူး" နောက်ဆုံးတခါက,ဖူ့ရှိဝမ် က သူ့ကိုလိမ်ခဲ့တယ်၊ ဒီတစ်ခါ ကျီခယ်း က အရူးလုပ်ခံမှာမဟုတ်ဘူး။

သို့သော် ဤတစ်ကြိမ်တွင် မြေပြင်ပေါ်ရှိသူက သူ့အား မတုံ့ပြန်ခဲ့ပေ။

ဖူ့ရှိဝမ် သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေကာ ဖြူဖွေးနေသော အသားအရည်မှာ အလွန်ထင်ပေါ်နေသည်။

ထိုအချိန်တွင်၊ ဖူ့ရှိဝမ် ကို ဝင်တိုက်သော အနက်ရောင်ကား၏ တံခါးသည် ပွင့်ထွက်သွားပြီး ဆေးရုံအဝတ်အစားဝတ်ထားသည့် လူတစ်ဦးသည် ထိတ်လန့်စွာ ပြေးဆင်းသွားခဲ့သည်။

ကျီခယ်း သည် အန်းချိန်း ၏ အတန်ငယ်ရင်းနှီးသော ကျောပြင်ကို ကြည့်ကာ သူ့စိတ်တွေ ဗလာကျင်းသွားသည်။

အန်းချိန်း က ကားကို အခုပဲ မောင်းနေပြီး သူ့ကို တမင်တိုက်ရန်ရည်ရွယ်ထားပြီး ဖူ့ရှိဝမ် က သူ့ကို ကယ်တင်လိုက်ပါတယ်။

သို့သော် ဤအရာအားလုံးသည် တိုက်ဆိုင်လွန်းလှသည်။

ကျီခယ်း : "ဖူရှီဝမ်၊ နင်ငါ့ကို ထပ်ပြီး လိမ်နေတာလား။"

သွေးအိုင်ငယ်လေးသည် မြေပြင်မှ တဖြည်းဖြည်း စီးဆင်းလာသည်။

ကျီခယ်း သည် တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာကာ ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး တုန်ရီနေသော လက်ချောင်းများကို မြှောက်လိုက်သည်။

သွေးက ပူနွေးနေပြီး လွန်ခဲ့သည့် တစ်မိနစ်ခန့်ကပင် ဖူရှီဝမ်၏ ခန္ဓာကိုယ်ထဲတွင် သွေးများ စီးဆင်းနေသေးသည်။

ကျီခယ်း က သူ့လက်ပေါ်က သွေးတွေကို ကြည့်လိုက်သည် ။

ကျီခယ်း : "ဖူ့ရှိဝမ်၊ ဒါက အတုပဲမလား? သွေးအတုက ဆေးရုံက သွေးအိတ်ပဲ မဟုတ်လား?"

ကျီခယ်း : "ဟန်​​ဆောင်​တာ ရပ်​လိုက်​ပါ ထပါတော့!"

ဖူ့ရှိဝမ် ၏ မျက်တောင်များသည် သူ့မျက်လုံးများကို ဖွင့်ချင်နေသကဲ့သို့ အနည်းငယ် တုန်ခါသွားသော်လည်း အားစိုက်ထုတ်ကာ နှုတ်ခမ်းများ အနည်းငယ်လှုပ်ကာ ပါးစပ်မှ သွေးများကို နောက်တကြိမ် အန်ထွက်လာသည်- "အားယွီ..."

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now