Chapter 106 Mr. Ji is soft and cute

398 40 0
                                    

အကယ်၍သာ ယခင်ကလိုပဲဆိုလျှင် ကျီခယ်းသည် ဖူ့ရှိဝမ် ကို ဤကဲ့သို့မြင်ပြီးလျှင် သူ့အသည်းနှလုံးနူးညံ့ပြီး စိတ်ဆိုးပြေသွားသည်မှာ ကြာပြီဖြစ်သည်။

    "ဒါဆို မစ္စတာဖူ၊ ခင်ဗျားစကားပြောတဲ့အခါ တခြားသူရဲ့ ကော်လာကို ဆွဲကိုင်ရတာလား" ကျီခယ် က မေးတယ်။

    ဖူ့ရှိဝမ် ၏ အမူအရာမှာ ခဏတာ ပျက်သွားသည် ။

"အားယွီ၊ ယွင်းကျင်း ရဲ့ ကော်လာမှာ ဆီတွေ စွန်းထင်းနေတယ်။ သူ သိသွားအောင် ပြပေးတာပဲဟုတ်တယ်။ မယုံရင် ယွင်းကျင်း ကို မေးကြည့်။"

    "ကိုယ် တကယ် သူ့ကို အနိုင်ကျင့်တာ မဟုတ်ဘူး။"

    ဖူ့ရှိဝမ် က လေးနက်စွာပြောသည်။

ကျီခယ်း က ဖူ့ရှိဝမ် ကိုကြည့်ပြီး "ဒါဆို ကျွန်တော် မစ္စတာဖူကို အပြစ်တင်လိုက်တယ်လို ပြောချင်တာလား။"

    "ဟုတ်တယ်။" ဖူ့ရှိဝမ် က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး "တကယ်မှားနေပြီ၊ ကိုယ် ယွင်းကျင်း ကို ဘယ်လို အနိုင်ကျင့်ရမလဲ၊ သူ့ ကို တောင်းပန်စရာ ဘာကိစ္စမှ မလုပ်ခဲ့ဘူး"

    တကယ်လို့သာ ကျီခယ်း  သာ ဖူ့ရှိဝမ် က ယွင်းကျင်း ကော်လာကို ဆွဲပြီး လက်ရန်းနဲ့ ဖိထားတာကို သူ့မျက်လုံးတွေနဲ့  မတွေ့လိုက်ရင် သူ ဖူ့ရှိဝမ်ရဲ့အဓိပ္ပါယ်မဲ့တဲ့စကားတေ‌ကို ယုံနေမိမှာ။ သူအရမ်းထိတ်လန့်သွားပြီး စကားဆက် မပြောရဲတော့ဘူး။

ကျီခယ်း  က အေးစက်တဲ့မျက်နှာနဲ့ "မစ္စတာဖူ၊ ခင်ဗျားအတွက် *သော့ရွေးတဲ့ကုမ္ပဏီ*ကို ခေါ်ပေးမယ်လေ!"

(*_* = သော့ဖွင့်ပေးတဲ့ service ကုမ္ပဏီ၊ သော့ပျော်တယ်တို့ ဆိုရင် လာ ပြီး lock ဖြတ်ပေးတာမျိုး)

    "ဇန်-ကျဲ ပြန်လာဖို့ စောင့်စရာ မလိုတော့ဘူး၊ ခင်ဗျား အိမ်ထဲကို ဝင်သွားရုံပဲ။"

    ဖူ့ရှိဝမ် သည် ကျီခယ်း ကို ကြေကွဲဝမ်းနည်းသော မျက်လုံးတစ်စုံဖြင့် ကြည့်ကာ "အားယွီ ငိုယ်... ကိုယ် ဗိုက်နာတယ်"

"ဒါဆို ကျွန်တော် ခင်ဗျားကို ဆေးရုံလိုက်ပို့ပေးမယ်"

    ဖူ့ရှိဝမ် က ခေါင်းကို အလျင်အမြန် ယမ်းလိုက်ပြီး "မဟုတ်ဘူး၊ ကိုယ် အဆင်ပြေယ်။ ကိုယ် ဆိုဖာပေါ်မှာပဲ အိပ်မယ်၊ မင်းကို မနှောင့်ယှက်ပါဘူး"

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now