Chapter 111 Fu Shiwen Was Hit by a Car Again

423 41 1
                                    

ဖူ့ရှိဝမ် ထွက်ခွာသွားသည့်ညဖြစ်သည်။

နောက်တစ်နေ့မနက်မှာ ကျီရွမ်ရွမ် အိပ်ရာကထပြီး ကျီခယ်း က သူ့ကို အဝတ်အစားလဲဖို့ ကူညီပေးတယ်။

သူအခန်းထဲမှထွက်သွားသည်နှင့် တပြိုင်နက် ကျီရွမ်ရွမ် သည် အရသာရှိသော ထမင်းကြော် အနံ့ရကာ အောက်ထပ်သို့ ဆင်းသွားသည်။

ကျီရွမ်ရွမ် : "ဦးလေးဖူ!"

"တောင်းပန်ပါတယ် ငါမင်းရဲ့ဦးလေးဖူမဟုတ်ဘူး" ဇန်ရွမ် သည် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မီးဖိုခန်းမှထွက်လာသည်။

ကျီရွမ်ရွမ် က အဒေါ်လှလှလေးကို ကြည့်ပြီး  : "အန်တီ၊ အန်ကယ်ဖူ ဘယ်မှာလဲ"

ဇန်ရွမ် : "မစ္စတာဖူ က တခြားနနေရာကို သွားပြီ။"

ကျီခယ်း သည် လောလောဆယ်တွင် ကလေးထိန်းအသစ်ကို ရှာမတွေ့သောကြောင့် ဖူ့ရှိဝမ် သည် ဇန်ရွမ် ထံသို့ သူ့အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးရန် စတင်ခွင့်ပြုခဲ့သည်။

စားပွဲပေါ်မှ အရသာရှိသော နံနက်စာအား ကြည့်လိုက်တော့ ကျီခယ်း က ဇန်ရွမ် ကို ကျေးဇူးတင်ကြောင်းပြောကာ : "ကျေးဇူးတင်ပါတယ်"

ဇန်ရွမ် : "Mr.ကျီ၊ ဒါ ကျွန်မ လုပ်ရမဲ့တာဝန်ပါပဲ။" ဇန်ရွမ် က နူးညံ့စွာ ပြုံးပြတယ်။

ကျီရွမ်ရွမ် ထမင်းစားရင်း တံခါးကို လှမ်းကြည့်နေတယ်။ ကျီရွမ်ရွမ် :  "ဖေဖေ၊ ဦးလေးဖူ ဘယ်တော့ ပြန်လာမှာလဲ"

ကျီခယ်း : "ရွမ်ရွမ် က အန်ကယ် ဖူ့ ကို အဲ့လောက်တောင်ကြိုက်တာလား?"

"ဟုတ်ကဲ့။" ကျီရွမ်ရွမ် က ခေါင်းညိတ်ပြီး "အန်ကယ်ဖူကို အရမ်းကြိုက်တယ်!" လို့ပြောတယ်။

ကျီခယ်း သည် ကျီရွမ်ရွမ် ၏ ခေါင်းလေးကို ထိလိုက်ပြီး ပြုံးလိုက်သည်။ သွေးသားဆက်ဆံရေးကြောင့်လား။ ကလေးတွေက ဖူ့ရှိဝမ် ကို အရမ်းကြိုက်တယ်။

အချိန်တွေကုန်တာမြန်တယ်၊ အပူချိန်ကျသွားပြီးရာသီဥတုက တဖြည်းဖြည်းအေးလာတယ်။

နှစ်ကုန်ဖို့ နီးပြီးရင်းနီးလာပြီ။

ကျီခယ်း သည် မကြာသေးမီက အလုပ်ရှုပ်နေခဲ့တယ်။ နေ့တိုင်း အလုပ်တေများနေပြီး အခြားအရာများကို စဉ်းစားရန် အချိန်မရှိပေ။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now