Chapter 79 Where to sleep tonight

892 97 0
                                    

ကျီခယ်း သည် သန္တာကျောက်တန်းကို မှီ၍ ယခုမှ သူပြန်သွားသောအခါ ဖူ့ရှိဝမ် ၏ မျက်နှာပေါ်ရှိ အမူအရာအား  ပြန်သတိရမိသည်။

    ဖူ့ရှိဝမ် က ဒီလို ဝမ်းနည်းစရာကောင်းတဲ့ဘက်ကို တကယ် ပြမှာလား။

    ဒါဆို ဒီတစ်ခါ အစစ်လား ဒါမှမဟုတ် အတုလား။ (ဟန်ဆောင် ထားတာလဲ)

ဖူ့ရှိဝမ် ၏သရုပ်ဆောင်စွမ်းရည်သည် အော်စကာဆုရနိုင်ပြီး ကျီခယ်း သည် ၎င်းကိုထိုးဖောက်မြင်သည်မှာ ကံကောင်းခဲ့သည်။

    သူ့ရဲ့ရုပ်ရည်၊ ရုပ်ရည်နဲ့ သရုပ်ဆောင်မှုစွမ်းရည်တွေကြောင့် သရုပ်ဆောင်တစ်ယောက်မဖြစ်ရတာ နှမြောဖို့ကောင်းသည်၊ သူတကယ်ဆု တောင်ရနိုင်သည်။

လွန်ခဲ့တဲ့ငါးနှစ်က အဖြစ်အပျက်က သူ့စိတ်ထဲမှာ ဖျတ်ခနဲပေါ်လာပြီး ကျီးခယ်း က သူ့ကိုယ်သူ ရယ်ပြီး "ဒါကို မေ့လိုက်ပါ၊ သူစိတ်ရင်းမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ငာနဲ့ မဆိုင်​တော့ဘူး"

    ကျီခယ်း သည် ခေါင်းယမ်းကာ ခဏမျှ ငြိမ်သက်စွာ ထိုင်နေလိုက်သည်။ ရေထဲကငါးကို စိုက်ကြည့်ရင်း "ယွင်ကျင်၊ ဟိုမှာ ငါးတစ်ကောင်ရှိတယ်၊ မင်းဖမ်းနိုင်ရင် မင်းကို တစ်လလောက် အားလပ်ရက်ပေးမယ်။"

ယွင်ကျင် မျက်နှာပျက်သွားကာ "ကျီကျီ မင်းကငါ့ကိုအားလပ်ရက်မပေးချင်ရင် မ ပေးချင် ဘူးပြောပါ"
"စကားမစပ် ဒီအဝတ်အစားကို ဘာလုပ်ရမလဲ။" ယွင်ကျင် က ဖူ့ရှိဝမ် ရဲ့ အဝတ်အစားတွေကို သူ့လက်ထဲမှာ ကိုင်ထားဆဲ။

    ကျီခယ်း က လှည့်မကြည့်ဘဲ "နင်ဝတ်ချင်ရင် ဝတ်လိုက် "

ယွင်ကျင် က သူ့ခေါင်းကို ကုတ်လိုက်ပြီး "ဘာ ပြောတာလဲ၊ ဒါက မင်းအတွက် ဖူ့ရှိဝမ် ကပေးထားတာ၊ ငါ့အတွက် မဟုတ်ဘူး"

    အကယ်၍ လျိုင်ဟွိုင် က သူ့အဝတ်အစားတွေကို ချွတ်ပေးရင် သူဝတ်သင့်သလား။

    ယွင်ကျင် သည် နှစ်စက္ကန့်လောက် တွေးပြီး အနည်းငယ် ရှက်​သွေးဖြာသွားသည်။

ဒါပေမယ့် သူနည်းနည်းအတွေးလွန်းနေခြင်းသာ ဒီကောင်က သူ့ကို ကောင်းကောင်းဆက်ဆံမှာမဟုတ်ဘူး။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now