Chapter 124 Liang Huai, I really don't want to this time zawgyi ver

140 5 0
                                    

ယွင်းကျင်း အခန်းထဲကို ဝင်လာသည်နှင့် သူ အနည်းငယ် နောင်တရသွားသည်။

ဒါက သူကိုယ်တိုင် စိတ်အားလျော်စွာ ဝင်ရောက်လာတာနဲ့ အတူတူပဲမဟုတ်ဘူးလား?

သူက အရမ်းမိုက်မဲတယ်။

ယွင်းကျင်း က ဒေါသတကြီး တွေးနေတယ်။ လျိုင်ဟွိုင် က အနာဂတ်မှာ ဘာပဲပြောပြော သူ လွယ်လွယ်နဲ့ ဘယ်တော့မှ ဦးဆောင်ခံနေမှာ မဟုတ်တော့ဘူး။

"ထိုင်ဦး" လျိုင်ဟွိုင် သည် သူနှင့်အတူပါလာသော ရေခဲသေတ္တာငယ်လေးမှ ဆိုဒါရေတစ်ပုလင်းကို ထုတ်ကာ : "သောက်မလား?"

ယွင်းကျင်း သည် လျိုင်ဟွိုင် အား နိုးကြားစွာ စိုက်ကြည့်လျက် လျိုင်ဟွိုင် ၏ လက်ထဲမှ ရေကို လဲမယူသလို ထိုင်လည်းမထိုင်ခဲ့ပေ။

ယွင်းကျင်း ၏ စိတ်လှုပ်ရှားမှုကို ခံစားရပြီး လျိုင်ဟွိုင် သည် ယွင်းကျင်း အား ရယ်စရာမျက်နှာအသွင်အပြင် လုပ်ပြလိုက်သည်။

ယွင်းကျင်း ၏ပုံစံနှင့် ယှဉ်လျှင် လျိုင်ဟွိုင် သည် အလွန်ပေါ့ပေါ့ပါးပါးဖြစ်သည်။ သူသည် ကုတင်ဘေးတွင်ထိုင်ကာ ပုလင်းအဖုံးကို ဖွင့်ကာ ဆော်ဒါရေကို ခေါင်းကိုမော့ကာ မော့သောက်လိုက်သည်။

ဖောက်ထွင်းမြင်ရသော ပုလင်းထဲမှ ရေများသည် ထိုယောက်ျား၏ ဆွဲဆောင်မှုရှိသော ပါးလွှာသော နှုတ်ခမ်းများထဲသို့ တဖြည်းဖြည်း စီးဆင်းသွားပြီး၊ ထိုလူသည် သူ၏ ဆက်ဆီကျသော Adam-apple တလှိမ့်ချင်းထုတ်ဖော်ပြသရန် သူ၏ မေးစေ့ကို မြှောက်လိုက်ရာ မြင်ရသူအား ရင်တထိတ်ထိတ်နှင့် ကိုက်ချင်လာစေသည်။

ယွင်းကျင်း က တံတွေးတစ်ငုံ မျိုချလိုက်သည်။

လျိုင်ဟွိုင် က ဘာမှမလုပ်ပေမယ့် သူလုပ်သမျှက သူ့ကို သွေးဆောင်နေပုံရတယ်။

တစ်နည်းအားဖြင့် ယွင်းကျင်း ၏ မျက်လုံးများသည် သူ့အား အလိုအလျောက် စွဲဆောင်သွားလိမ့်မည် ။

လျိုင်ဟွိုင် ၏ လှုပ်ရှားမှုတိုင်းသည် ဖော်မပြနိုင်သော ဆွဲဆောင်မှုတစ်ခုရှိသောကြောင့် ၎င်းသည် ဖျော်ဖြေရေးနယ်ပယ်တွင် ရေပန်းစားလာရသည့် အကြောင်းရင်းဖြစ်နိုင်သည်။ သူ့ရဲ့သရုပ်ဆောင်မှုစွမ်းရည်အပြင် ဒီလူဟာ ဆွဲဆောင်မှုအပြည့်ရှိတာကြောင့် လူတွေရဲ့မျက်လုံးတွေကို သူ့အပေါ်မှာပဲရပ်တန့်သွားစေခဲ့ပါတယ်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now