Ch 131 Is there a baby in the womb of Fanwai? zawgyi ver

107 4 0
                                    


"မင်း ငါ့အခန်း သော့ကတ်ကို ခိုးတာလား?" ယွင်းကျင်း သည် လျိုင်ဟွိုင် ကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေသည်။

လျိုင်ဟွိုင် :"ဟုတ်တယ်။ ဖွင့်ပွဲအခမ်းအနားနေ့မှာ စောစော အခန်းထဲပြန်ဝင်ခဲ့တာကို မှတ်မိသေးလား? ရှောင်ရွှီ က အခန်းကတ်ကို ပေးခဲ့တာ"

ယွင်းကျင်း က အံ့အားသင့်သွားပြီး "ဒါနဲ့ ဒီရက်ပိုင်း မင်း ငါ့ အခန်းကတ် အမြဲရှိနေတာလား?"

ဒီရက်ပိုင်း လျိုင်ဟွိုင် ဟာ သူ့အခန်းကတ်ကို အမြဲရှိနေတယ်လို့ တွေးနေပေမယ့် ညတိုင်းလျိုင်ဟွိုင် က တံခါးကို အချိန်မှန်ခေါက်ပြီး တံခါးဖွင့်ခိုင်းပြီး ဝင်ခွင့်ပြုလိုက်တယ်။

ယွင်းကျင်း ၏ မျက်နှာ မည်းမှောင်သွားပြီး သူ သူ့ကို နောက်ပြောင်နေသလား ?

"ဒီအခန်းကတ်ကို ဒီမှာပဲထားခဲ့မယ်လေ?"လျိုင်ဟွိုင် က ခေါင်းကို အနည်းငယ်စောင်းပြီး ပြုံးကာ မေးသည်။

သူမေးနေပေမယ့် ယွင်းကျင်း က သူ့မှာ ပြန်ပေးဖို့ ရည်ရွယ်ချက်ရှိမှန်း မတွေ့လိုက်ဘူး။

"မနက်ဖြန် တခြားအခန်းပြောင်းလိုက်မယ်" ယွင်းကျင်း သည် လျိုင်ဟွိုင် ကို တွန်းလိုက်ပြီး "မင်းအခန်းထဲပြန်သွားပြီး အိပ်တော့" ဟုပြောသည်။

"ဒီမှာ အိပ်ရာက တော်တော် သက်တောင့်သက်သာရှိပြီး အိပ်ယာက အနံ့လည်း မွှေးတယ်။” လျိုင်ဟွိုင် က ကုတင်ပေါ်တွင် လှဲနေရာမှ ထမှစိတ်ကူးမရှိဘဲ လှဲနေသည်။

ယွင်းကျင်း : "ကုတင်က ကုတင်ချင်း အတူတူပဲ မဟုတ်လား ၊ အိပ်ယာခင်းတွေ အားလုံး အနံ့ အတူတူ မဟုတ်ဘူးလား ၊ ငါ့ကို မညှစ်နဲ့ ၊ အပြင်ကို ထွက်သွား "

ယွင်းကျင်း သည် မှော်ငှက်သိုက်ကို သိမ်းယူသွားသော ကောင်လေးကို ကြည့်ပြီး ဒေါသအရမ်းထွက်ကာ၊ ယခုမှပင် သူ့ကို အရှက်ရစေသည့်အရာက လျိုင်ဟွိုင် ကို အားကိုးပြီး သူ့စိတ်ထဲ ပိုပို၍ မပျော်တော့ပေ။

လျိုင်ဟွိုင် : "ဟုတ်တယ် အဲဒါက မတူဘူး။ ဒီစောင်ပေါ်မှာက မင်းရဲ့ အနံ့ရှိတယ်၊ အရမ်းကောင်းတယ်"

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now