Chapter 120

311 29 1
                                    

ကျီခယ်း၏ နံနက်ခင်း ပျို့အန်ခြင်း သုံးရက်မြောက်နေ့မှာ ဖူ့ရှိဝမ်  က ကျီခယ်း ကို နံနက်စာစားရင်းတန်းလန်း ဆေးရုံကို ဆွဲခေါ်သွားပါတယ်။

ကျီခယ်း : "ဒါက တစ်နာရီလောက်ပဲ ရှိသေးတယ်၊ ဆေးရုံသွားစရာ မလိုဘူး၊ အစားစာချင်စိတ်မရှိတာပဲနေမှာ" ဆေးရုံအသွားလမ်းမှာ ပြဿနာနည်းနည်းနဲ့ ဆေးရုံသွားစရာ မလိုဘူးလို့ ကျီခယ်း က ခံစားရတယ်။

ဖူ့ရှိဝမ်    သည် အသေးအဖွဲကိစ္စဟု မထင်ခဲ့ပေ။ ဘာလို့ဆို ကျီခယ်း ဟာ ဗိုက်ပျက်နေတယ်။ ကျီခယ်း ဟာ မနက်ခင်းမှာ အစာစားချင်စိတ်မရှိတာကိုမြင်တော့ အစာအိမ်ဖောက်ပြန်မလားဆိုပြီး အရမ်းစိုးရိမ်ခဲ့ပါတယ်။

အစာအိမ်ရောဂါဌာနကို သွားကြတယ်။ ကျီခယ်း ၏ရောဂါလက္ခဏာများကိုသိရှိပြီးနောက်ဆရာဝန်မှ ကျီခယ်း တွင်ကိုယ်ဝန်ရှိမရှိစစ်ဆေးရန်စိတ်ရင်းမှန်ဖြင့်အကြံပြုခဲ့သည်။

ကျီခယ်း : "ကိုယ်ဝန်ရှိတာလား?" ဆရာဝန်က သူ့မှာ ကိုယ်ဝန်ရှိနေနိုင်တယ်လို့ အကြံပေးတာကိုကြားပြီးနောက် ကျီခယ်း က မယုံနိုင်ဘဲ : "မဖြစ်နိုင်ပါဘူး"

ဖူ့ရှိဝမ်  နဲ့သူနဲ့လုပ်တုန်းက နှစ်ယောက်စလုံး အကာာအကွယ်ပြုပြီး လုပ်ခဲ့တာကို သူ မှတ်မိတယ်။

"ဆေးရုံရောက်နောတုန်း စစ်ကြည့်ရအောင်" ဖူ့ရှိဝမ်    က နောက်ဆုံးမှာ ကွန်ဒုံး ဘယ်နှစ်ခါ ချော်ထွက်လဲလို့ တွေးမိတယ်၊ အဲဒီတုန်းက ပိုက်ကွန်ကို ကျော်သွားတဲ့ ငါးတစ်ကောင် ဖြစ်နိုင်တယ်။

ဖူ့ရှိဝမ်    နှင့်အတူ ကျီခယ်း သည် သွေးပြန်ကြောများကို စမ်းသပ်ရန် သွေးယူခဲ့သည်။

နောက်ဆုံး ရလဒ် ထွက်လာတယ်။

သူ၏အာရုံစူးစိုက်မှုတန်ဖိုး gonadotropin(???) သည် 10IU/L ထက်များသည်။

ကိုယ်ဝန်ရှိသည်ဟု အဓိပ္ပာယ်ရသည်။

ကျီခယ်း က သူ့လက်ထဲက အစီရင်ခံစာကို ကြည့်ပြီး ဖူ့ရှိဝမ် ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။ ဖူ့ရှိဝမ် အနည်းငယ် ရှက်သွားပြီး : "အားယွီ တောင်းပန်ပါတယ် နောက်တစ်ခါ ကွန်ဒုံးမပါဘဲ မလုပ်တော့ပါဘူး"

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now