Chapter 90 Restart

745 90 1
                                    

ကျီခယ်း နဲ့ ယွင်ကျင်း ပထမဆုံးစတွေ့တုန်းက

     ကျီခယ်းသည် ကုမ္ပဏီသို့မ၀င်ရသေးပါ၊ ကျီရွမ်ရွမ် သည် ကျီခယ်း ၏ဗိုက်ထဲတွင်သာရှိနေဆဲဖြစ်ပြီး  ယွင်ကျင်းသည် အမည်မသိ မထင်ရှားမကျော်ကြားသေးသောသင်တန်းသားတစ်ဦးသားဖြစ်သည်။ ကုမ္ပဏီက အချိန်မရွေး ပိတ်သွားတော့မည့်အခြေအနေဖြစ်၍ သူက ထွက်သွားရတော့မယ်။

    ကံကြမ္မာပင်...

    ကျီခယ်း သည် ကုန်စုံဆိုင်တွင် ဝယ်ရန် လျှောက်လာရင်း ရုတ်တရက် ဗိုက်နာလာသည်။ ထိုအချိန်တွင် ယွင်ကျင်း သည် သူ့နောက်မှ ကားမောင်းလာကာ သူ့ကို ထိတိုက်မိလုနီးပါး ဖြစ်သွားသည်။

ယွင်ကျင်း ကားပေါ်ကဆင်းပြီး ကျီခယ်း ရဲ့အခြေအနေမမှန်တာကိုမြင်တော့ ကျီခယ်း ကို ကားပေါ်အမြန်ကူညီတင်ပြီး ဆေးရုံ သွားဖို့လုပ်တယ်။

    ကျီခယ်း ၏ အခြေအနေသည် အခြားသူများ၏ အခြေအနေ နှင့် မတူဘဲ ရုတ်တရက်ကြီးဖြစ်ပြီး  ကျီရွမ်ရွမ် သည် အပြင်ထွက်ရန် စိတ်အားထက်သန်နေပါသည်။

    ဒါနဲ့ အဲဒီနေ့မှာပဲ ယွင်ကျင်း က  ကျီရွမ်ရွမ် ကို ကားထဲမှာပင် ကိုယ်တိုင် သားဖွားပေးခဲ့ တယ်။

    နောက်ပိုင်းတွင် ယွင်ကျင်း သည်  ကျီရွမ်ရွမ် ၏ ကန်တျဲဖြစ်လာခဲ့သည်။

    ကျီခယ်း သည် ဇနီးမောင်နှံ အိုတို့ထံမှ ပြိုလဲတော့မည့် ကုမ္ပဏီကို လွှဲပြောင်းရယူခဲ့ပြီး လူတိုင်း၏အကူအညီနှင့် သူ့ကိုယ်ပိုင်ကြိုးစားမှုဖြင့် ကုမ္ပဏီသည် ပြန်လည်အသက်ဝင်လာခဲ့သည်။

    နှစ်တွေ ကုန်လွန်သွားတယ်။

ကျီရွမ်ရွမ် ကြီးပျင်းလာပြီး ယွင်ကျင်း လူသိများလာ‌ကျော်ကြားလာခဲ့သည်။ ကုမ္ပဏီသည် ပိုတိုးတက်လာသည်နှင့်အမျှ အရာအားလုံးက ပိုကောင်းလာသည်ဟု ထင်ရသည်။ယခုမူကား မူလအစသုံညသို့ ပြန်ရောက်သွားပုံရသည်။

    ပရိုဂရမ်အဖွဲ့မှ ပေးပို့သော အကြောင်းကြားစာ စာကို ဖတ်ရင်း ကျီခယ်း က မျက်မှောင်ကြုတ်လိုက်သည်။

    ပရိုဂရမ်အဖွဲ့မှ ရိုက်ကူးမည့်အချိန်နှင့်နေရာကို အသိပေးထားသည်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now