Ch 132 Liang Huai's girlfriend

205 24 2
                                    

လျိုင်ဟွိုင် ထွက်သွားတာကိုကြည့်ပြီး ရှောင်ရွှီ က ယွင်းကျင်း ဘေးမှာထိုင်ပြီး တိုးတိုးလေးမေးတယ်။

ရှောင်ရွှီ :"အစ်ကိုယွင်း အမှန်အတိုင်းပြော၊ မင်းတို့ပြန်တွဲနေပြီလား"

လျိုင်ဟွိုင် နှင့်အတူတူရိုက်ကူးနေပြီး Mr.ကျီ က ယွင်းကျင်း ကို စိတ်ထားကောင်းထားတတ်ဖို့ သူ့ကို အထူးဖုန်းခေါ်ခဲ့ပါတယ်။

သူတို့နှစ်ယောက် စပြီးရိုက်ကူးတုန်းက မီးနဲ့ရေလိုဖြစ်နေတာကို သူမှတ်မိနေပါသေးတယ်။ ရိုက်ကူးရေးမှာကလွဲရင် တစ်ယောက်နဲ့တစ်ယောက် ဆုံတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အမြဲစကားပြောလေ့ရှိပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဆက်ဆံရေးက ဘာကြောင့် ပိုပိုပြီး ရှုပ်ထွေးလာတာလဲ။

သူ ဘယ်ခြေလှမ်း လွှဲခဲ့သလဲ?

ရှောင်ရွှီ နားမလည်နိုင်။

ယွင်းကျင်း ပါးစပ်ထဲထည့်ထားတဲ့ ခေါက်ဆွဲနဲ့ : "ဒါကို အတူတူပြန်ဖြစ်ပြီလို့ မမှတ်သင့်ဘူး"

သူက “ဒါဟာ သာမန်လူနှစ်စ်ယောက်ဆက်ဆံရေးပဲ" ဟုမပြတ်မသားပြောသည်။

"ဘယ်လိုဆက်ဆံရေးလဲ?" ရှောင်ရွှီ ငိုတော့မည်၊ ဘယ်လိုဆက်ဆံရေး၊ ဘယ်လိုဆက်ဆံရေးက ဘာကိစ္စလဲ။

သူ အိပ်ရာထဲ လူးလှဲကြပြီးပြီလား?

မစ္စတာကျီ ကို ဘယ်လိုရှင်းပြရမလဲ?

လျိုင်ဟွိုင် က ဖုန်းဖြေပြီးချိန်မှာ တံခါးဝမှာ ရပ်နေမှန်းမသိလိုက်ဘူး။ သူက ရက်ရောစွာ ဝန်ခံခဲ့သည် - "ငါတို့က စုံတွဲတွေပဲ"

စုံတွဲ?!

ရှောင်ရွှီ ၏ မျက်လုံးများသည် ကြေးခေါင်းလောင်းကဲ့သို့ ကြီးမားသွားသည်။

ယွင်းကျင်း က ခေါက်ဆွဲတစ်လုတ်ကို ထုတ်ထွေးလုနီးပါးဖြင့် : "သူ့စကားနားမထောင်နဲ့ မဟုတ်ဘူး"

လျိုင်ဟွိုင် က မျက်ခုံးပင့်လိုက်ပြီး : "ငါ အိပ်ယာထဲမှာ အတူအိပ်ပြီးချစ်မိသွားပြီ၊ အားလုံးစားပြီးမှ မင်းတာဝန်မယူချင်ဘူးလား"

ဒါကို ယွင်းကျင်း က သူ့နှလုံးသားထဲမှာ မီးတောက်လောင်နေသေးတယ်- "ကျောက်ကပ်က နှလုံးသားမဖြစ်လာနိုင်ဘူး (s*x ≠ love) ရှင်းနေတာပဲ၊ မင်းက ငါ့ကို ဘာတာဝန်ယူချင်တာလဲ"

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now