Chapter 86 The Ring

823 109 1
                                    

"ဒါက ယွင်းကျင် အကြောင်းပါ။"

    ကျီခယ်း က ချန်းယု ကိုမေးတယ် "ယွင်းကျင် ဒီရက်ပိုင်း ထူးခြားနေတယ်လို့ မင်းသတိမထားမိဘူးလား"

    ချန်းယု က ပြုံးပြီးပြောတယ် "အရင်ကနဲ့ နည်းနည်းတော့ မတူဘူး၊ မကြာသေးခင်ကမှ ပိုပြီးတော့ လေးလေးနက်နက် ကြိုးစားလာတယ်။ဒါကြောင့် ပိုပြီး စိတ်သက်သာရာရစေတယ်။"

    ကျီခယ်း ၏ လေးနက်တည်ကြည်သောအမူအရာကြောင့် ချန်းယု သည် ခဏစဉ်းစားပြီး "လျိုင်ဟွိုင် နဲ့ ဘာဆိုင်လို့လဲ၊ မပြီးသေးဘူးလား?"

    ယွင်းကျင် နှင့် လျိုင်ဟွိုင် သည် ဆက်ဆံရေးရှိနေသည်ကို ချန်းယု က သိသော်လည်း သူတို့ rs သက်တမ်း အလွန်တိုတောင်းခဲ့ပါသည်။  သူတို့ကြားမှာ ပြီးသွားပါပြီ။

    ကျီခယ်း က "မဖြစ်နိုင်ပါဘူး"

    ချန်းယု အနည်းငယ် အံ့အားသင့်သွားသည်- "မင်းပြောတာ လျိုင်ဟွိုင် နဲ့ ယွင်းကျင် အဆက်အသွယ်မပြတ်‌ သေးဘူးလား။"

    ကျီခယ်း က ခေါင်းခါလိုက်ပြီး "မသိဘူး"

    ခေါင်းရမ်းလိုက်သည်။

    ဒီလူနှစ်ယောက်ကြား အရှုပ်အရှင်းတွေ ပေါ်လာရင် အင်တာနက်မှာ ဘာတွေဖြစ်မလဲ မသိဘူး။ သူတို့သည် မူလ ဆန့်ကျင်ဘက်ပြိုင်ဘက်များ ဖြစ်သည်။

ယွင်းကျင် ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ချန်းယု သည် ထိုသို့သောအခြေအနေမျိုးကို မမြင်လိုပါ။

    ကျီခယ်း က "မင်း ရှောင်ရှီ ကို ဒီရက်ပိုင်း ယွင်းကျင် ကို  စောင့်ကြည့်ခိုင်းလိုက်"

    ရှောင်ရှီ သည် ယွင်းကျင် ၏ လက်ထောက်(မန်နေဂျာ)ဖြစ်သည်။

    ချန်းယု က ခေါင်းညိတ်လိုက်ပြီး "စိတ်မပူပါနဲ့၊ မဖြစ်သင့်တဲ့ အချစ်မီးလျှံလေးကို ငါငြိမ်းလိုက်မယ်"

    ချန်းယု သည် အမြဲတမ်း တည်ငြိမ်သည်။

    ကျီခယ်း က နည်းနည်းတော့ အိပ်ငိုက်လာတယ် "ခဏအိပ်လိုက်ဦးမယ်"

    "အိပ်အိပ်။"

    ကျီခယ်း က ကားထိုင်ခုံပေါ် လှဲပြီး မျက်လုံးကို ခဏမှိတ်လိုက်တယ်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now