Chapter 119 Wedding (End)

512 46 0
                                    

ဖူ့ရှိဝမ်  မျက်လုံးမှိတ်ပြီး ခဏလောက်စောင့်ခဲ့တယါ။ ကျီခယ်း က သူ့ကိုမနမ်းခင်မှာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျီခယ်း က သူ့ကိုကြည့်နေတာကို တွေ့လိုက်ရတယ်။

ကျီခယ်း တွင် မျက်တောင်ထူထူများနှင့် လှပပြီးနက်မှောင်သောမျက်ဝန်းတစ်စုံရှိသည်။ ထိုအချိန်တွင်၊ ဤမျက်လုံးများသည် ဖူ့ရှိဝမ်  ကို တိတ်တဆိတ်ကြည့်နေပြီး ဖူ့ရှိဝမ်  ၏မျက်နှာကို အသေအချာ ဆန်းစစ်နေသည်။

တကယ်တော့ ကျီခယ်း က ဖူ့ရှိဝမ်  ကို ခွင့်လွှတ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က City A ကနေ ထွက်ခွာဖို့ ဆုံးဖြတ်တဲ့နေ့မှာ သူဟာ အတိတ်က အရာအားလုံးကို စွန့်လွှတ်ဖို့ ကြံစည်ခဲ့ပါတယ်။

သူကိုယ်တိုင် အပါအဝင်ပေါ့။

ဖူ့ရှိဝမ်  ကို လေးလေးနက်နက် ချစ်တတ်တဲ့ ပျော့ညံ့တဲ့ သူ့ကို။

ကျီခယ်း ကိုယ်တိုင်ပင် ဖူ့ရှိဝမ်  နှင့် ပြန်လည်စတင်ရန် နေ့တစ်နေ့ရှိမည်ဟုပင် မမျှော်လင့်ခဲ့ပေ။

ဖူ့ရှိဝမ်  က မျက်တောင်ခတ်လိုက်သည်။
ဖူ့ရှိဝမ် : "အားယွီ၊ မင်း ကိုယ့်ကို ဘာလို့အဲ့လိုကြည့်နေတာလဲ? ကိုယ်က အရမ်းချောနေတာလား?"

ဖူ့ရှိဝမ်  ကို ကြည့်လိုက်တော့ ကျီခယ်း က ပြုံးပြီး ခေါင်းညိတ်ပြသည်။
ကျီခယ်း : “အင်း၊ ဟုတ်တယ် မင်းက အရမ်းချောတယ်။"

ဖူ့ရှိဝမ်  သည် ကျီခယ်း ၏ နှင်းဆီရောင် နှုတ်ခမ်းများကို စိုက်ကြည့်ရင်း နူးညံ့စိုစွတ်သော အထိအတွေ့ကို သတိရကာ ဖူ့ရှိဝမ်  သည် သူ့နှုတ်ခမ်းလျက်လိုက်ပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ သနားစွာဖြင့် : "အားယွီ နမ်းလို့ရမလား?" ဟုတောင်းဆိုသာ်။ဖူ့ရှိဝမ် သည် သနားစရာ ကောင်းသည့် puppy မျက်လုံးများဖြင့် ကြာ့်နေသည်။ကျီခယ်း သည် ခဏတာငြင်းဆိုရမည့် အကြောင်းပြချက်ကို မစဉ်းစားနိုင်ဘဲ သူ့ဆံပင်ပုံစံနှင့်လိုက်ဖက်သော ဤအမူအရာသည် အနည်းငယ်ရယ်စရာကောင်းသည်ဟု ခံစားမိသည်။

မငြင်းလျှင် သဘောတူတယ်။

ဖူ့ရှိဝမ်  သည် ဦး၍ အခွင့်အရေးကိုယူကာ မှီကာ ကျီခယ်း ၏နှုတ်ခမ်းများကို ဂရုတစိုက် နမ်းလိုက်သည်။ သူသည် ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံးရတနာကို နမ်းနေသကဲ့သို့ အလွန်ဂရုတစိုက်နှင့် ရိုသေစွာ နမ်းလိုက်သည်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now