Chapter 101: Rabbits Don't Turn Back

457 50 2
                                    

ကျီခယ်း သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ဖူ့ရှိဝမ် အား "မင်းလက် ဆန့်" ဟု ပြောလိုက်သည်။

    ရွှီချွှင် က ပြုံးပြီး ကျီခယ်း ကို ငုံ့ကြည့်ရင်း "အင်း အားယွီ အဲ့လိုဟုတ်တယ်"

    ဖူ့ရှိဝမ် အနည်းငယ်စိတ်ပျက်သွားသော်လည်း ကျီခယ်းက သူ့လက်ကို ဆုပ်ကိုင်လိုက်သောအခါ ရုတ်တရက် အာရုံပြောင်းသွားပြန်သည်။

    ကျီခယ်း သည် ခေါင်းငုံ့ကာ ဖူ့ရှိဝမ် ၏ လက်ဖဝါးတွင် ပုံဆွဲရန် အာရုံစိုက်လိုက်သည်။

    "ရပြီ။"

ဖူ့ရှိဝမ် က သူ့လက်ကို ယုတ်လိုက်ပြီး သူ့လက်ထဲက ပုံကို မြင်ပြီး နှုတ်ခမ်းထောင့်မှာ ကွေးအောင် ပြုံးလိုက်တယ်။

    ရွှီချွှင် က စိတ်ဝင်တစားကြည့်ကာ "ဘာပန်းချီကားလဲ" ဟုမေးသည်။

    ဖူ့ရှိဝမ် က သူ့လက်ဖဝါးကို ကိုင်လိုက်ပြီး "မင်းကို ငါမပြဘူး"

    "ဖြတ်။"

    ထိုအချိန်တွင်  စားပွဲပေါ်မှ ကျီခယ်း ၏လက်ကိုင်ဖုန်းက  မြည်လာသည်။

ခေါ်ဆိုသူ ID မှလူမှာ ယွင်းကျင်း ဖြစ်သည်၊ ဖူ့ရှိဝမ် နှင့် ရွှီချွှင် တို့နှစ်ဦးစလုံး ထိတ်လန့်သွားကြသည်။

    ကျီခယ်း က ဖုန်းကို ကောက်ကိုင်လိုက်ပြီး " တောင်းပန်ပါတယ် ၊ ဖုန်းပြောလိုက်ဦးမယ် "

    ကျီခယ်း က ဖုန်းဖြေဖို့ အပြင်ထွက်ပြီး ဖူ့ရှိဝမ် နဲ့ ရွှီချွှင် တို့ အခန်းထဲမှာ ကျန်ခဲ့ပါတယ်။

    လွန်ခဲ့သည့်ငါးနှစ်ခန့်က အဖြစ်အပျက်ကတည်းက ရွှီချွှင် သည် ဖူ့ရှိဝမ် နှင့် အချိန်အတော်ကြာ စကားမပြောဖြစ်ခဲ့ပေ။

ကျီခယ်း မရှိတာကြောင့် ရွှီချွှင် က မဖုံးကွယ်ဘဲ "ဖူ့ရှိဝမ် ၊ အားယွီ မှာချစ်သူရှိပြီဆိုတော့ မင်းအခုဘာလုပ်မှာလဲ"

    ဟိုတယ်ကို မရောက်မီတွင် ရွှီချွှင် နှင့် လင်းယွီ တို့က ဖုန်းခေါ်ဆိုကြသည်ကိ။ ဖုန်းတစ်ဖက်တွင် လင်းယွီ က ဖူ့ရှိဝမ် နှင့် ဟိုတယ်တွင် ရှိနေသည်ဟု ကြားပြီး လင်းယွီ ကို စိတ်ပူသောကြောင့် ဤနေရာကို လာခဲ့သည်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now