Chapter 92 Clean Yourself zawgyi ver

336 18 1
                                    

ကျီခယ်း က အခန်းထဲမှာ အကြာကြီးစောင့်နေပေမယ့် ယွင်းကျင်း ပြန်ရောက်မလာပါ။ သူ ဖုန်းထပ်ခေါ်တဲ့အခါ ဆက်ယွယ်လို့မရတော့ဘူး။

    ကျီခယ်း က စိတ်ပူဖို့အချိန်မရှိ။ ကုတ်အင်္ကျီကို ဝတ်ပြီး တစုံတယောက်ကို ရှာဖို့ ထွက်သွားသည် ။

    နွေရာသီကုန်ပြီးချိန်မို့ ရာသီဥတုက ပိုအေးလာသည်။

     ကျီခယ်းက ဝန်ထမ်းတွေကို မေးကြည့်တော့ လျိုင်ဟွိုင် က သူတို့နဲ့ အပေါ်ထပ်မှာ နေတယ်ဆိုတာ သိလိုက်ရတယ်။

    လျိုင်ဟွိုင် ၏ အခန်းတံခါးဆီသို့ လျှောက်သွားပြီး တံခါးကို ပြင်းပြင်းထန်ထန် ခေါက်လိုက်သော်လည်း တံခါးကို မည်သူမျှ မဖွင့်ထားပေ။

    ဆန့်ကျင်ဘက် အခန်းတံခါးကသာ ပွင့်လာပြီး ဝမ်ရိကျာ က ခေါင်းလေးထွက်လာပြီး ကျီခယ်း ကို မြင်တော့ အနည်းငယ် အံ့အားသင့်သွားပြီး "ဟေ့ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ"

    အပျော်တမ်းသမားတွေ ဒီမှာမနေဘူးလို့ ဝန်ထမ်းတွေက ပြောတာကို မှတ်မိတယ်။

    ကျီခယ်း က "ငါ လျိုင်ဟွိုင် ကို ရှာနေတယ်"
   
ကျီခယ်း သည် ယခုအချိန်တွင် ယွင်းကျင်း အတွက် အလွန်စိုးရိမ်နေပါသည်။ လျိုင်ဟွိုင် နဲ့ ယွင်းကျင်း အခန်းထဲမှာမရှိရင် သူတို့ဘယ်မှာလဲ။

    အပြင်မှာလား။

    ဒီကောင်- ဓာတ်ပုံခံရိုက်ရင် လာမဲ့အကျိုးဆက်ကို မသိရဘူးလားမသိ။

ရိကျာ က ကျီခယ်း ကို ဂရုတစိုက်ကြည့်သည်။ကျီခယ်း က ရေချိုးပြီးလို့ ဆံပင်တွေ စိုစွတ်နေသေးပြီး ညဘက် မင်းသားရဲ့ တံခါးကို လာခေါက်ဖို့ အဝတ်ပါးပါးလေး ဝတ်ထား၍ သူ့မျက်နှာက အနည်းငယ်နီနေတယ်။

    ကျီခယ်း နှင့် ယွင်းကျင်း သည် ကုမ္ပဏီတစ်ခုတည်းမှ ပါဝင်ကြောင်း သတိရလိုက်သည်။ သူသည်  ရှုမင်(အန်းချိန်း)နှင့် ခပ်ဆင်ဆင်ရုပ်တူသော လူသစ်ဖြစ်သင့်သည်။

    ညနက်သန်းခေါင်မှာ မင်းသားရဲ့ တံခါးကို လာခေါက်ပြီး ရေချိုးတာတောင်မှ ရည်ရွယ်ချက်က ထင်ရှားတယ်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now