Chapter 94 Can I Hug You Again?

610 65 2
                                    

ရိုက်ကူးရေး အိမ်သည် ရှေးခေတ် ကျောက်တုံးစတိုင်လ်အိမ်ကြီးဖြစ်ပြီး အိမ်တွင်း အလှဆင်ရန်အတွက် သစ်သားအမြောက်အများအသုံးပြုကာ မီးမထိန်းနိုင်ဘဲ တစ်အိမ်လုံး မီးခိုးများပြည့်နေသည်။

    ဖူ့ရှိဝမ် ပြေးဝင်လာပြီး နောက်ဆုံးတော့ ကျီခယ်း ကို ထောင့်စွန်းတနေရာမှာ တွေ့လိုက်ရပြီး ကျီခယ်း က မြေပြင်ပေါ်မှာ လဲနေပြီး ခေါင်မိုးပေါ်ကနေ ပြုတ်ကျလာတဲ့ သစ်သားတန်းလျားတွေကြောင့် သူ့ခြေထောက်တွေ ထိခိုက်ပိတ်မိသွားတယ်။

   'မီးမြွေ'သည် ပျံ့နှံ့သွားကာ အရာအားလုံးကို ဖြတ်တောက်လိုက်ရာ လောင်ကျွမ်းသွားသည့် အသံတစ်ခုထွက်ပေါ်လာသည်။

မီးခိုးငွေ့တွေကြောင့် ကျီခယ်း ရဲ့ မျက်လုံးတွေ နာကျင်နေပြီး အောက်ဆီဂျင်မရှိလို့ သူ့ဦးခေါင်းကို ဖောရောင်စေပြီး ခြေထောက်တွေ ကြေမွကာ သတိလစ်သွားပါတယ်။

    ကျီခယ်း သည် ဤအချိန်တွင် သူသေတော့မည်ဟု တွေးကာ စိတ်ပျက်လက်ပျက်ဖြစ်သောအခါ ဖူ့ရှိဝမ် ၏ မျက်နှာသည် သူ့ရှေ့တွင် ပေါ်လာသည်။

    ဖူ့ရှိဝမ် ၏ မျက်လုံးများ နီရဲနေပြီး သူ၏ပုံမှန်တည်ငြိမ်မှု ပျောက်ဆုံးသွားသည် ။ သူသည် ကျီခယ်း ၏ခြေထောက်များမှ လေးလံသော သစ်သားတန်းလျားကို ဖယ်ရှားရန် အစွမ်းကုန်ကြိုးစားပြီး ကျီခယ်း အား စိတ်လှုပ်ရှားစွာ  "အားယွီ၊ အားတင်းပါ" ဟုပြောသည်။

ကျီခယ်း စိတ်ရှုပ်သွားသည်။ ဖူ့ရှိဝမ် ရဲ့ မျက်နှာကို ကြည့်လိုက်တော့ သူက မသိစိတ်ကနေ " ရှန်းရှိန်-" လို့ခေါ်မိသွားတယ်။ဖူ့ရှိဝမ် ခဏလောက် အံ့အားသင့်သွားပြီး လင်းယွီကို ပွေ့ဖက်လိုက်ပြီး သူ့မျက်လုံးတွေက အရမ်းတည်ကြည်နေသည်။ "အားယွီ၊ ကိုယ် မင်းကို အပြင် ထုတ်ခေါ်သွားမယ်။"

    မီးက ပိုပြင်းထန်လာတယ်။ 'မီးမြွေ'များသည် ပရမ်းပတာခုန်တက်ကာ အိမ်ခေါင်မိုးပေါ်မှ အုတ်၊ကြွေပြားများ ပြုတ်ကျခြင်း၊ မီးခိုးများထူထပ်ကာ မီးများဆူသွားကာ အရာအားလုံး ကမောက်ကမ ဖြစ်ခဲ့ရသည်။

သို့သော် ထိုကဲ့သို့ ဖရိုဖရဲနှင့် အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် ကျီခယ်း သည် ရှားရှားပါးပါး စိတ်ငြိမ်သက်မှုရှိသည်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now