အခန်း(၂)

3.3K 287 0
                                    

နောက်တစ်နာရီအကြာတွင် ဖေဖေပြန်ရောက်လာသည်။

'ဖေဖေ ဘာတဲ့လဲဟင်'

'ဦးနှောက်သွေးကြောပေါက်တာတဲ့၊ ကောင်းကြီးအတွက် စိတ်မကောင်းလိုက်တာကွာ၊ နှုတ်ဆက်ချိန်တောင် မရလိုက်ဘူး'

'ဦးနှောက်သွေးကြောပေါက်တာ ဟုတ်လား၊ အန်တီခင်ရော၊ ခုဘယ်မှာလဲ'

'ဆေးရုံမှာ ကျန်ခဲ့တယ်၊ သူ့မိသားစုရောက်လာတာနဲ့ ဖေဖေလည်းပြန်ခဲ့လိုက်တယ်။ ဒီနေ့ တန်းသဂြိုဟ်မယ်တဲ့လေ၊ ဖေဖေ ထမင်းစားပြီး ခဏနေရင် ဟိုဘက်အိမ်ကူးပြီး လိုအပ်တာ လုပ်ပေးလိုက်ဦးမယ်လေ'

'ဟို...အသုဘချရင် သမီးလိုက်လို့ရလားဟင်'

'အင်း သမီးလိုက်ချင်စိတ်ရှိရင် လိုက်ခဲ့လေ၊ ဖေဖေအဲ့အိမ်မှာ ရှိမှာပဲ လာခဲ့လိုက်'

'ဟုတ်'

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်သော်လည်း မမျှော်လင့်ထားသော ကိစ္စကြောင့် ဈေးသွားပြီး ဟင်းချက်မည့် စိတ်ကူးသည် အားလျော့သွားလေသည်။ ဒီနေ့လည်း ချိုင့်ဆွဲနဲ့ပဲ ညားမှာပါပဲ။ ဝေ့ဖေဖေနှင့်မေမေ ကွာရှင်းပြီးတော့ ဖွားဖွားကသာ ဝေတို့သားအဖနှစ်ယောက်ကို ထမင်းဟင်း ဒိုင်ခံချက်ကျွေးသည်။ ဝေက အပျင်းထူ၍ ထမင်းလောက်သာ ချက်သည်။ ဝေ့လက်ရာက ဖွားဖွားလက်ရာကို မမီလို့ပါဆိုသော အကြောင်းပြချက်နှင့် ဖွားဖွားကို ချွဲတော့ ဝေ့ကို ကျန်တာအလိုမလိုက်သော ဖွားဖွားသည် ဟင်းကိုတော့ သူပဲ စီစဉ်ချက်ပြုတ်သည်။ ဝေက ဘေးက တောက်တိုမည်ရ ကူရုံသာ။ အရင်နှစ်က ဖွားဖွားဆုံးသွားခဲ့တော့ သားအဖနှစ်ယောက်တည်း အိမ်မှာ ဖြစ်သလိုချက်၊ ဖြစ်သလိုစား။နောက်တော့ ဖေဖေ့သူငယ်ချင်းတစ်ယောက်က မြို့ထဲတွင် ထမင်းဆိုင်ဖွင့်ထားပြီး လက်ရာကောင်းသည့်အပြင် လူချင်းလည်း ခင်မင်နေ၍ ထိုဆိုင်ကသာ သားအဖနှစ်ယောက် ချိုင့်ဆွဲစားတော့သည်။

အန်တီတစ်ယောက် ထမင်းကောစားပါ့မလား။ အန်တီ့အိမ်တွင် လူတွေဝင်လိုက်ထွက်လိုက်နှင့် အလုပ်များနေကြသည်။ ဦးကောင်းမြတ်အလောင်းကို ဆေးရုံမှ ပြန်သယ်လာကြပြီဖြစ်သည်။ အိမ်ရှေ့တွင် ကားအဝင်အထွက်နှင့် လူလည်းရှုပ်နေသဖြင့် ဝေလှမ်းကြည့်၍သာ အိမ်ထဲ ပြန်ဝင်ခဲ့သည်။

အချစ်လေတံခွန်Where stories live. Discover now