အခန်း(၆)

2.7K 271 5
                                    

'အန်တီမေဖြူစင် .....'

ခွေးကတော့ အိမ်ထဲ ဝင်ပြေးလေပြီ။ ဒေါ်မေဖြူစင်သည် နာနေသည့် ကြားမှပင် ဝေ့ကို ပြုံးပြနေလေသည်။

'မင်းရဲ့ နှုတ်ဆက်နည်းအသစ်ပေါ့'

'ဆေးထည့်မှ ဖြစ်မယ် အန်တီ'

'ဒါပေါ့ ထည့်ရမှာပေါ့'

'ဒါမှ မဟုတ်လည်း ဆေးခန်းသွားမလားဟင်'

'မလိုပါဘူး၊ ဆေးထည့်ရင် ရပါတယ်၊ ဒီအတိုင်းကြီးရပ်နေတော့မှာလား'

ဒေါ်မေဖြူစင့်လက်တစ်ဖက်ကို ဝေ့ပခုံးပေါ်တင်စေ၍ ဝေ့လက်တစ်ဖက်က ဒေါ်မေဖြူစင့်ခါးကို မရဲတရဲ ကိုင်ကာ လမ်းလျှောက်အဆင်ပြေစေရန် တွဲပေးရင်း အိမ်ထဲသို့ ရောက်လာသည်။

'ဆေးဒီအိမ်မှာ ရှိလားဟင်၊ မရှိရင် ဝေအိမ်ပြန်ယူလိုက်မယ်'

'ရှိမယ်နဲ့တူတယ်၊ ဟိုစားပွဲပေါ်က ဆေးဘူးထဲမှာ ရှာကြည့်လိုက်'

ဒေါ်မေဖြူစင်ကို ဆိုဖာပေါ်တွင် ထိုင်စေ၍ ဆေးသွားရှာသည်။ ဆေးတွေရော ပတ်တီးတွေရော ကိရိယာ တန်ဆာပလာ စုံလင်၍ တော်သေးသည်။

ဝေသည် ကြမ်းပြင်ပေါ်တွင် တင်ပြင်ခွေထိုင်ချလျက် ဒေါ်မေဖြူစင့်ခြေထောက်ကို ဝေ့ပေါင်ပေါ်သို့ အသာအယာတင်သည်။ ဒဏ်ရာကို အရင်ဆုံး သန့်ရှင်းပေးပြီးနောက် ဆေးထည့်သည်။ ဆေးထည့်တော့ နာ၍ ထင်သည်။ အန်တီ့လက်က ဝေ့ကျောပေါ် ရောက်လာသည်။ နှုတ်ကတော့ တစ်ချက်တောင်မညည်း။

'ခြေသည်းခွံ ထိသွားတယ်နဲ့တူတယ် အန်တီ၊ ဒီမှာနဲ့နေပြီ၊ ဘယ်လိုလုပ်ရမလဲ'

'ဘယ်လို လုပ်ချင်လို့လဲ၊ ခွာပစ်ချင်သေးတာလား မယ်မင်းကြီးမလေးရဲ့'

ဝေ အားနာသွားပြီး ဘာမှဆက်မပြောတော့ဘဲ ပတ်တီးစည်း ပေးလိုက်ပါသည်။ ပတ်တီးစည်းတော့လည်း တစ်ခါတည်းနှင့်အဆင်မပြေ၊ ပတ်တီးကိုတစ်ဝက်ခွဲပြီး ချည်ဖို့လက်ဖြင့် ခွဲမရသဖြင့် ကတ်ကြေးသုံးရာ ကတ်ကြေးထိပ်ဖျားနှင့် ဒဏ်ရာကို ရုတ်တရက် ထိမိလေသည်။ ဒေါ်မေဖြူစင် ခြေထောက်လွန့်မှ အနာသက်သာစေလို၍ ပတ်တီးစည်းထားသော ဒဏ်ရာကို ဝေသည် လက်ဖြင့်ဖွဖွထိကာ ဥုံဖွ လုပ်ပေးမိသည်။

အချစ်လေတံခွန်Where stories live. Discover now