အခန်း(၁၀)

2.7K 290 2
                                    

ကားပေါ်တွင် ဝေသည် ငြိမ်သက်လျက်။ နောက်ခန်းတွင်တော့ စိုးကြီးသည် မိုင်လိုကို သူ့ပေါင်ပေါ်တင်ကာ ကစားနေသည်။ ဝေသည် ခွေးချစ်သူနှစ်ယောက်၏ စကားဝိုင်းပြင်ပကလူ။ လိုက်လည်း လိုက်ပါသည်။ စိုးကြီးက ရေလိုက်ငါးလိုက်ပြောတတ်သူ၊ ဟိုကလည်း သူသိသမျှ ပြောပြနေသူ။
ဝေ တစ်ချက်သမ်းလိုက်သည်။ 'ပျင်းနေပြီလား' မေးတော့ 'မဟုတ်ပါဘူး'ဟု  ဝေထပ်ညာရပြန်သည်။

စက်ဘီးပြင်ဆိုင်တွင် ချပေးခဲ့ရန် ပြောချင်နေသည်။ ဒါကို ဒေါ်မေဖြူစင်က စိတ်ဖတ်တတ်သူပမာ
'စက်ဘီးကို အပြန်မှ ဝင်ယူလေနော်၊ သူငယ်ချင်းကို ပြန်လိုက်ပို့ပေးပြီးမှ ဝင်ယူကြတာပေါ့'တဲ့။

'ဟုတ်' တစ်လုံးဖြင့် ဝေ ဆက်လက်ငြိမ်သက်သွားပြန်သည်။ မုန့်ဆိုင်ရောက်တော့ စိုးကြီးက စကားပိုများလာသည်ထင်ရသည်။ တစ်ခဏအတွင်းမှာပင် နှစ်ယောက်သားခင်မင်သွားကြဟန်။ ရယ်ကာမောကာဖြင့်။ ဝေကတော့ နားထောင်သူ။ ရေညှိထမင်းလိပ်လေးစားလိုက်၊ စိုးကြီးမှာထားသော ထောပတ်သီးဖျော်ရည်ကို ယူသောက်လိုက်နှင့်။

'ဒါဆို သမီးစနေနေ့ကျ အိမ်က ရှူးဂါးကိုခေါ်လာပြီး မိုင်လိုနဲ့ လာဆော့မယ်လေ'

'စနေမှ မဟုတ်ဘူး။ ကြိုက်တဲ့အချိန်သာလာခဲ့'

ဟော အပေးအယူတွေတောင်တည့်နေပြီ။ သားရေးသမီးရေး ပြောနေသူတွေပမာ အလေးအနက်မျက်နှာထားတွေနှင့်။ စားပြီးရှင်းမည်လုပ်တော့ ဒေါ်မေဖြူစင်က ရှင်းသည်။ ဝေက အတန်တန်ငြင်းသည်။ စားပွဲထိုးအစ်မကြီးက စိတ်ပေါက်ပေါက်ဖြင့် နှစ်ယောက်စလုံးဆီက ယူလိုက်ရကောင်းမယ်ဟု တွေးနေမလားမသိ။ စိတ်မရှည်တော့ဟန်။

စိုးကြီးက ဝေ့ပိုက်ဆံကို လှမ်းယူလိုက်ပြီး 'နောက်နေ့အတွက်ထားလိုက်၊ လူကြီးက ကျွေးနေတာကို မငြင်းရဘူး။ ရိုင်းရာကျတယ်' ဟုဆိုသည်။

စိုးကြီးကို အိမ်ပြန်ပို့ပြီး ဝေ့ကို စက်ဘီးပြင်ဆိုင်ရှေ့တွင် ချပေးသည်။ ဝေ ကားထဲမှ ထွက်ကာနီး ငတိ မိုင်လိုက တစ်ချက်ဟောင်လိုက်သေးသည်။ စက်ဘီးပေါ်ရောက်မှပင် ကားထဲတွင် ဝေ ခံစားခဲ့ရသော စိတ်ကျဉ်းကြပ်မှုများ ပြေလျော့သွားလေသည်။

အချစ်လေတံခွန်Where stories live. Discover now