အခန်း(၉)

2.7K 290 10
                                    

ဝေသည် အိမ်မှ မနက်စောစော ထွက်လာခဲ့သည်။ ဝေ့စီးတော်ယာဉ် စက်ဘီးလေးက လမ်းတွင် ဖောင်းခနဲအသံထမြည်သည်။ တာယာကွဲပြီ။

Shit!! စက်ဘီးပြင်ဆိုင်က ရိုးမဘဏ်နားမှာ။ သိပ်မဝေးတော့၍ တွန်းသွားလိုက်သည်။ ဝေတို့ငယ်ငယ်က စက်ဘီးပြင်ဆိုင်ဆိုသော်လည်း ခုချိန်တွင်တော့ ဆိုင်ကယ်ပြင်ဆိုင်ဟု နာမည်တပ်ထားသည်လေ။ ဒီလို မြို့ငယ်လေးမှာတောင် စက်ဘီးစီးသူ အရေအတွက်သည် သိသိသာသာကျဆင်းသွားလေသည်။ အလယ်တန်း၊ အထက်တန်းကျောင်းသားတစ်ချို့၊ အသက်ခြောက်ဆယ်ဝန်းကျင်ယောက်ျားကြီး၊ မိန်းမကြီးတစ်ချို့၊ ဆိုင်ကယ်မစီးတတ်သူတစ်ချို့၊ ဆိုင်ကယ်မဝယ်နိုင်သော သူတစ်ချို့၊ အပျော်တမ်းစက်ဘီးစီးသူ တချို့လောက်သာ စက်ဘီးစီးကြတော့သည်။

အရေးထဲ ဆိုင်တွင် လူကျနေသည်။ ဂျွန်ဆင်မမီမှာ၊ ကျောင်းနောက်ကျမှာ စိုးသည်။

'ဦးလေး၊ စက်ဘီးတာယာကွဲသွားလို့'

'အေး၊ ရပ်ထားလိုက်လေ'

'စောင့်ရဦးမလားဟင်' ဟု
မေးတော့ ရှေ့တွင်ရောက်နှင့်နေသော ဆိုင်ကယ်သမားက ဝေ့ကို မျက်လုံးစိမ်းနှင့် ကြည့်သည်။ ဝေအကြံအိုက်နေခိုက် ကားဟွန်းတီးသံကြားရ၍ အမှတ်မထင် လှည့်ကြည့်မိလိုက်သည်။

ကားထဲကထွက်လာသူကြောင့် ဝေ့မျက်နှာပူလာသလို။

'ဘာဖြစ်လို့လဲ'

'တာယာကွဲလို့'

'ကျောင်းသွားမှာမလား၊ နောက်ကျနေဦးမယ်၊ စက်ဘီးထားခဲ့ပြီး ညနေမှ ဝင်ယူလေ၊ လာ တို့နဲ့လိုက်ခဲ့'

'မဟုတ်တာ ရပါတယ် အန်တီမေဖြူ'

'ဒီဆိုင်ကယ်ကလည်း အရေးကြီးနေလို့ သမီးရေ့၊ လိုက်သွားပါလား၊ သမီးစောင့်နေတာကြာမှာစိုးလို့ပြောတာ'

ဝေဆက်ငြင်းမည် ကြံစဉ် ပြင်ဆိုင်မှဦးလေးကြီးက ဝင်ပြောသဖြင့် စိတ်အိုက်သွားသည်။

'လာပါ'

ဒေါ်မေဖြူခင်က ပြောပြောဆိုဆို ကားတံခါးဆွဲဖွင့်ပေးသည်။

ဝင်လေဟူသော မျက်နှာပေးဖြင့် ဒေါ်မေဖြူစင် မေးထိုးတော့ ဝေ့ထံမှ ဟုတ်ဟူသော စကားက အသံဝမှာပင် တစ်နေသလို။ ကားထဲဝင်လိုက်ပြီး နောက်ကြည့်မှန်ထဲမှ မြင်ရသူကြောင့် ဒိန်းခနဲ ရင်ခုန်သည်။ အန်တီခင်ရယ်လေ။ အန်တီခင်က ပြုံးပြုံးလေးဖြင့် နှုတ်ဆက်သည်။ ဝေကလည်း ယောင်နနဖြင့် ပြန်ပြုံးလိုက်သည် ထင်သည်။
'ခင့်ကို အရင်လိုက်ပို့ပေးမယ်၊ ပြီးမှ မော်တော်ဆိပ်ကို သွားကြတာပေါ့' ဟု ဒေါ်မေဖြူစင်က ကားစက်နှိုးရင်းပြောသည်။

အချစ်လေတံခွန်Where stories live. Discover now