အခန်း(၁၅)

2.7K 262 10
                                    

'နာရီနဲ့အမျှ မင်းပဲစိုးမိုးနေတယ်...
ရယ်သံလေးများ ကိုယ့်နားထဲမှာ...
အိပ်မက်ပဲလား မှုန်ဝါးဝါး ချစ်သူရေ...'

ဖုန်းringtoneသံကြောင့် ဝေနိုးလာသည်။ ဟိုစမ်းသည်စမ်းနှင့် ဖုန်းက လက်တစ်ကမ်းမှာပဲရှိသည်ကို မေ့နေသည်။

'ဟယ်လို'

ထွက်လာသော အသံက ခပ်အက်အက်ရယ်။ ဝေ လည်ချောင်းများ နာနေပါပကော။

'နိုးပြီလား၊ တို့ မင်းအခန်းအပြင်ဘက်မှာ၊ ဝင်ခဲ့မယ်နော်'

ပြန်တောင်မပြောနိုင်တော့။ လူကနုံးချိနေသည်။ စောင်ထဲ ခွေနေရင်း လှမ်းကြည့်နေမိသည်။ ဒေါ်မေဖြူစင် အခန်းထဲဝင်လာသည်။ ဒေါ်မေဖြူစင်သည် လန်းဆန်းနေပုံ။ အရုဏ်ဦးတွင် နှင်းစက်ကလေးများ တွဲခိုနေသည့် ပန်းတစ်ပွင့်လို။ ကျန်းမာရတာ ကောင်းလိုက်တာဟု တွေးပြီး အားကျမိသည်။

'ဘယ်လိုနေလဲ ဝေ'

'ဝင်မလာပါနဲ့ဆို အန်တီရယ်'

'Maskလည်းတပ်ထားတယ်၊ နေတာလည်း သုံးပေအကွာမှာပဲကွာ'

ပြောရင်းဆိုရင်း စာကြည့်စားပွဲက ကုလားထိုင်ကို ယူထိုင်သည်။ ဒေါ်မေဖြူစင် လှုပ်ရှားသမျှကို ဝေသည် အိပ်ရာပေါ်မှ နေ၍ တွေတွေကလေး ငေးကြည့်သည်။

'အန်တီနဲ့ ဝေက တွေ့လိုက်ရင် ဒဏ်ရာတစ်ခုခု ရလိုက်ရမှနဲ့ တူတယ်နော်' ဝေ့အသံက ခပ်အက်အက်ကြီး။ စိုးကြီးသိလျှင်တော့ ပြောင်လိမ့်ဦးမည်။

'ဘာဒဏ်ရာတွေလဲ'

'ဝေကြောင့် အန်တီ့ခြေမ လန်သွားဖူးတယ်လေ၊ ပြီးတော့ မီးလုံးပျက်တဲ့နေ့က ဝေခါးနာသွားတယ်၊ ဟိုနေ့ကလည်း လက်ကို ဓားရှတယ်၊ အခုလည်း ကိုဗစ်၊ ခုချိန်မှာ လူတိုင်းကြောက်နေကြတဲ့ ဗိုင်းရပ်စ်ကြီးကို အန်တီက မကြောက်ဘူးလား၊ ဝေ့ဆီက ကူးသွားမယ်လေ၊ အခန့်မသင့်ရင် သေသွားမယ်လေ'

Mask တပ်ထားသောကြောင့် ဒေါ်မေဖြူစင် မျက်နှာတည်နေသလား၊ ပြုံးနေသလား မဝေခွဲတတ်ပါ၊ သို့သော် မြင်နေရသည့် မျက်ဝန်းများကတော့ ပြုံးယောင်သမ်းပြီး နွေးထွေးနေသည်။

'အင်းနော်၊ တို့လည်း ကြောက်တာပဲ၊ ဒါပေမယ့် တို့ကိုယ်ထဲမှာ တခြားဗိုင်းရပ်စ်တစ်ကောင် ရှိနေတယ်နဲ့တူပါတယ်'

အချစ်လေတံခွန်Where stories live. Discover now