အပိုင်း(၁)

3.5K 259 10
                                    

ကျိနမ်ဖုန်တစ်ယောက်လွန်ခဲ့တဲ့၂နှစ်ကအချိန်မှာ ပြန်လည်မေးဖွားလာခဲ့တယ်။ သူနဲ့မော့လင်ရှီးတို့လက်ထပ်ပြီးတာလေးလဘဲရှိသေးတယ်။

ဒါပေမယ့်သူ့ရဲ့လက်ရှိအခြေအနေကဆေးရုံကုတင်ပေါ်မှာအိပ်နေရပြီးမျက်လုံး
တွေကိုလဲဖွင့်လို့မရသေးဘူး။သူ့ဘေးနားမှာပြောနေကြတဲ့စကားတွေကိုသူအမှောင်ထဲကနေကြားနေရတယ်။

'မော့လင်ရှီး ငါနင့်ကိုအင်္ကျီအများကြီးယူလာလို့ပြောတာကိုဘာလို့တစ်ထည်တည်းယူလာရတာလဲ?နမ်ဖုန်ကဆေးရုံမှာအချိန်တစ်‌ခုလောက်နေရဦးမှာ။နင်ဒါကိုအခွင့်ကောင်းယူပြီးနမ်ဖုန်ဆီခဏခဏလာချင်လို့မဟုတ်လား?' ဒီလိုမောက်မောက်မာမာပြော‌တဲ့အသံအရဆိုရင်သွမ့်အန်းရန်ဘဲဆိုတာကိုကျိနမ်ဖုန်သိတယ်။အပြင်ပန်းကတော့ကြာဖြူပန်းပုံစံနဲ့ နှလုံးသားမှာတောအဆိပ်တွေနဲ့ပြည့်နှက်နေတာ။အရင်ဘဝတုန်းကသူစုံလုံးကန်းခဲ့လို့သာသူမကိုယုံကြည်ခဲ့မိတာ။

'မဟုတ်ပါဘူး.....အဲ့လိုမဟုတ်ပါဘူး...ကျွန်မ....ကျွန်မမသိလို့ပါ....အမ်....ရှင်က.....နမ်ဖုန်ဆေးရုံမှာဘယ်လောက်ကြာကြာ‌နေရမလဲဆိုတာကိုမှမပြောခဲ့တာ' တုန်တုန်ယင်ယင်နဲ့ပြောနေတဲ့ချိုသာပြီးနူးညံ့တဲ့အသံကိုကြားလိုက်ရတော့ကျိနမ်ဖုမ်ရဲ့နှလုံးသားလေးလှုပ်ခတ်သွားတယ်။

ဒါသူ့ဇနီးဘဲ။သူတို့လက်မထပ်ခင်ကသူ့ကိုသူမကအားဖုန်ဆိုပြီးချစ်စနိုးခေါ်ခဲ့တာ။ဒါပေမယ့်မင်္ဂလာဦးညမှာသူမကိုအဲ့ဒီနာမည်ထပ်မခေါ်ဖို့သူပိတ်ပင်ခဲ့တယ်။

အဲ့ဒီတုန်းကသူမကိုသူပြောခဲ့တဲ့စကားတွေကိုသူ့မှတ်ဉာဏ်ထဲမှာစွဲစွဲမြဲမြဲမှတ်မိနေတုန်းဘဲ။

'မော့လင်ရှီး အန်ချင်စရာကောင်းအောင်
ငါ့ကိုအားဖုန်လို့ခေါ်မနေနဲ့။မင်းမှာအဲ့လိုခေါ်ပိုင်ခွင့်မရှိဘူး။မှတ်ထား ငါတို့ရဲ့အိမ်ထောင်ရေးကမင်းအဖိုးနဲ့ငါ့ကြားကသဘောတူညီချက်တစ်ခုဘဲ။အခုအချိန်ကစပြီးမင်းနေရာကိုမင်းသိ။အိုး ပြီးတော့
မင်းအလုပ်ကနေထွက်လိုက်တာကောင်းမယ်။ငါပိုင်တဲ့ပစ္စည်းကလူတွေသူတွေကြားထဲမှာလျှောက်သွားနေတာကိုငါမကြိုက်ဘူး။ပြီးတော့ငါ့ကိစ္စတွေမှာလဲမင်းဝင်မပါနဲ့။အရေးအကြီးဆုံးအချက်ကငါဒီ
နေရာကိုခဏခဏပြန်လာမှာမဟုတ်ဘူး'

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now