အပိုင်း(၁၅)

1.2K 103 2
                                    

ကျိနမ်ဖုန်သူမအပေါ်ကိုသူ့စိတ်တွေလွှတ်ပေးလိုက်ချင်ပေမယ့် သူမကအသိမရှိတဲ့သူဆိုတော့ အဲ့လိုလုပ်လိုက်လို့လဲမရပြန်ဘူး။သူဆေးရုံကနေဆင်းလာကတည်းကညတိုင်းဆိုဖာပေါ်မှာဘဲအိပ်ခဲ့တာ။မတတ်နိုင်ဘူးလေ.....ရုတ်တရက်ကြီးပြောင်းလဲလိုက်လို့မှမရတာ။အဲ့ဒါအပြင်မော့လင်ရှီးရဲ့ငြင်းဆန်ချင်မှုတွေကိုလဲသူခံစားမိတယ်။

ဒါပေမယ့်ဒီညတော့သူမကိုအလွတ်မပေးချင်တော့ဘူး။အဲ့ဒါကြောင့်ဘာကိုမှစဉ်းစားမနေတော့ဘဲ ဆံပင်ခြောက်အောင်မြန်မြန်သုတ်လိုက်ပြီးအိပ်ယာပေါ်ကိုတက်လာခဲ့တယ်။သူ့ရင်ခွင်ထဲကမော့လင်ရှီးကိုကြည့်ပြီး သူမခေါင်းပေါ်ကိုမေးတင်ထားလိုက်တော့ စောစောကမှလျှော်ထားတဲ့ခေါင်းလျှော်ရည်အနံ့ကသူ့နှာခေါင်းထဲကိုတိုးဝင်လာတယ်။အဲ့ဒီမွှေးရနံ့ကသူ့စိတ်ကိုဆွပေးနေတာနဲ့ မသိစိတ်ကသူမကိုပိုပြီးတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်မိတယ်။

'ဟင်း.....ပူလိုက်တာ....' မော့လင်းရှီးကိုကြည့်ရတာနိုးသွားတော့မယ့်ပုံပေါက်နေတယ်။

သူမအသံကိုကြားတော့မှကျိနမ်ဖုန်ဖက်ထားတာကိုဖြေလျှော့ပေးလိုက်တယ်။သူမော့လင်ရှီးရဲ့လှပတဲ့မျက်နှာလေးကိုအကြာကြီးစိုက်ကြည့်နေလိုက်တယ်။မီးရောင်ဖျဖျလေးအောက်မှာ သူမရဲ့ပန်းနုရောင်သန်းနေတဲ့နှုတ်ခမ်းလေးကိုသူသေသေချာချာမြင်နေရတယ်။သူ သူမအနားကိုဖြေးဖြေးချင်းကပ်သွားလိုက်ပြီးသူမရဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်တယ်။ပထမတော့ညင်ညင်သာသာလေးဘဲဆိုပေမယ့် နောက်တော့သူစိတ်လွတ်သွားပြီးကြမ်းလာတယ်။နောက်ဆုံးတော့မော့လင်ရှီးလဲအသက်ရှူမဝတော့လို့လူးလှိမ့်ပြီးနိုးလာခဲ့တယ်။

တကယ်တော့သူဘာမှသိပ်မလုပ်ခဲ့ပါဘူး။သူ ထိသင့်တဲ့နေရာတွေနဲ့မထိသင့်တဲ့နေရာတွေက်ိုဘဲအနည်းငယ်ကျူးကျော်ခဲ့မိတာပါ။

မော့လင်ရှီးလဲခဏနေတိမ်တွေပေါ်မှာလွင့်မြောနေသလိုမျိုးခံစားရလိုက်...တော်ကြာနေပင်လယ်ထဲမှာနစ်မြုပ်သွားသလိုမျိုးခံစားရလိုက်နဲ့။အိမ်မက်မက်နေသလိုမျိုးဆိုပေမယ့် မသက်မသာတော့ဖြစ်မနေဘူး။အိမ်မက်ကစိတ်ကိုနိုးကြွလာစေတယ်ဆိုပေမယ့်မကြိုက်တဲ့ခံစားချက်တော့ဖြစ်မနေဘူး။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now