အပိုင်း(၆)

1.8K 171 6
                                    

သူမရဲ့နှုတ်ခမ်းလေးကဂျယ်လီလိုဘဲနူးညံ့နေပြီး ထိမိတဲ့သူတိုင်းကိုစွဲသွားစေနိုင်တယ်။ကျိနမ်ဖုန်စွပ်ပြုတ်ပန်းကန်ကိုဘေးကစားပွဲပေါ်တင်လိုက်ပြီး အနမ်းကိုနက်ရှိုင်းအောင်လုပ်ဖို့ သူ့လက်နှစ်ဖက်လုံးကသူမခါးလေးကိုဖက်ထားလိုက်တယ်။

အခန်းထဲကအပူချိန်ကလဲတိုးလာပြီးကျိနမ်ဖုန်အသိစိတ်တွေပျောက်လုနီးပါးဖြစ်လာတော့မှ သူမကိုမလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်တယ်။

'ဟူး....ဟူး.....' မော့လင်ရှီးအသက်ကိုအသဲအသန်ရှူနေရတယ်။စောစောကအသက်ရှူရပ်တော့မလိုဖြစ်သွားတဲ့ခံစားချက်ကြီးကတကယ်မကောင်းလှဘူး။

'ရှီအာ ကိုယ်ဘယ်သူလဲဆိုတာကိုသိလား?' ကျိနမ်ဖုန်သူမရဲ့ရှက်သွေးဖြာနေတဲ့မျက်နှာလေးကိုကြည့်ပြီးမေးလိုက်တယ်။

'ရှင်....ရှင်က....အ....အရမ်းချောတဲ့သူ။အမ် ရှင်ကအားဖန်ဘဲ' မော့လင်ရှီးတုန်တုန်ယင်ယင်နဲ့ဆိုဖာပေါ်ကိုပြန်ပြုတ်ကျသွားတယ်။

'အားဖုန်ကမင်းကိုဒီအမူးပြေဟင်းရည်သောက်စေချင်တယ်။မင်းမသောက်ရင်ကိုယ်စိတ်ဆိုးလိုက်မှာနော်။အဲ့တော့မင်းသောက်မှာလား?' ကျိနမ်ဖုန်သူမသောက်အောင်လုပ်ရမယ့်နည်းလမ်းရှာတွေ့သွားတယ်။

မော့လင်ရှီးရဲ့မျက်ခုံးလှလှလေးတွေတွန့်ကွေးသွားပြီး: 'အားဖုန် စိတ်မဆိုးပါနဲ့နော်။ကျွန်မ....ကျွန်မဒါကိုသောက်ပါ့မယ်။အားဖုန်.....ကျွန်မကိုစိတ်မဆိုးပါနဲ့နော်?'

ကျိနမ်ဖုန်နှလုံးသားတစ်ခုလုံးတင်းကျပ်သွားသလိုခံစားလိုက်ရတယ်။သူမအတွက်သူဟာအမြဲအရေးအကြီးဆုံးလူဖြစ်ခဲ့တာ။အရင်ဘဝတုန်းကသူမျက်စိကန်းနေခဲ့လို့သာသူမကိုအဲ့လိုဆက်ဆံခဲ့တာဖြစ်မယ်။

မော့လင်ရှီးအမူးပြေဟင်းရည်ပန်းကန်ကိုကိုင်ပြီးသက်ပြင်းတစ်ချက်ရှိုက်လိုက်တယ်။ပြီးတော့နှာခေါင်းကိုပိတ်ပြီးတစ်ခါတည်းမော့သောက်လိုက်တယ်။သူမသောက်နေတုန်း ဒီဟင်းရည်အရမ်းမခါးပါဘူးလို့တွေးနေလိုက်တယ်။ဒါကပုံမှန်တိုင်းရင်ဆေးအခါးကြီးတွေလောက်တော့မဆိုးပါဘူး။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now