အပိုင်း(၂၇)

514 44 1
                                    

သူမကျိနမ်ဖုန်ကိုကြည့်လိုက်ပြီး: 'နမ်ဖုန် ရှင့်မှာစိတ်ရောဂါကုဆရာဝန်အသိရှိလား?'

သူမဒီအကြောင်းတွေကို ကျိနမ်ဖုန်မသိ‌ အောင်ဖုံးကွယ်ထားစရာမလိုဘူးလို့ထင်တယ်။ပြီးတော့မဖုံးလဲမဖုံးကွယ်ထားချင်ဘူး။

ကျိနမ်ဖုန်ကားကိုရုတ်တရက်ဘရိတ်အုပ်လိုက်တော့ကားကတုန့်ခနဲရပ်သွားတယ်။

မော့လင်ရှီးလဲပြင်ဆင်မယ့်အချိန်မရှိလိုက်တော့ခါးပတ်ပတ်ထားတာတောင်မှအရှေ့ကိုရောက်သွားတယ်။ကံကောင်းလို့ခေါင်းကိုဘာနဲ့မှတော့တိုက်မသွားပေမယ့်ဦးနှောက်ကတော့ချာချာလည်နေသလိုခံစားနေရတယ်။

*ဘုရားရေ အခုတလောကားနဲ့ငါနဲ့ကြားမှာမမြင်နိုင်တဲ့ရန်ငြိုးတွေများရှိနေလို့လား?' မော့လင်ရှီးနဖူးကိုပွတ်ပြီးစဉ်းစားနေလိုက်တယ်။

'ရှင်ဘာလို့ရုတ်တရက်ကြီးဘရိတ်အုပ်လိုက်ရတာလဲ?' သူမကျိနမ်ဖုန်ကိုကြည့်ပြီးခေါင်းလေးတစ်ခါခါလုပ်လိုက်တယ်။ကျိနမ်ဖုန်ကလဲသူမကိုပြန်ကြည့်နေတယ်။

ဒါပေမယ့်သူ့အကြည့်တွေကလေးနက်နေလို့သူမနားမလည်နိုင်ဘူးဖြစ်နေတယ်။သူ့ရဲ့မျက်လုံးထဲကနေသူမနားမလည်နိုင်တဲ့ပြင်းထန်တဲ့ခံစားချက်ကိုမြင်နေရတယ်။ဝမ်းနည်းနေပြီးကြောက်ရွံ့နေသလိုမျိုးဘဲ။ဒါပေမယ့်သူဘာလို့ဒီလိုခံစားနေရတာလဲ?သူ သူမကိုကြည့်နေတယ်ဆိုပေမယ့်  သူမလို့မြင်နေတဲ့ပုံမျိုးတော့မဟုတ်ဘူး။သူ့မျက်လုံးထဲတွေကသူမမဟုတ်တဲ့တခြားတစ်ယောက်ကိုကြည့်နေသလိုမျိုးဘဲ။

သူ့ရှီးအာကတစ်နေ့တစ်ခြားပိုပိုပြီးတက်ကြွလာလို့သူအစကပျော်နေခဲ့တာ။အရင်ဘဝတုန်းကလိုမျိုးသူမရဲ့မျက်လုံးတွေကအရောင်မှေးမှိန်မနေတော့ဘူး။သူမ မဆုံးခင်နောက်ဆုံးနှစ်မှာသူမစိတ်ကျရောဂါရခဲ့ပြီး ဘယ်သူနဲ့မှလဲမတွေ့တော့ဘဲ သူမတစ်ယောက်တည်းသူမရဲ့ကမ္ဘာလေးထဲမှာဘဲနေခဲ့တော့တာ။ငိုတာတွေရယ်တာတွေလဲမခံစားရတော့ဘူး။

ဒါပေမယ့်အဲ့ဒီတုန်းကတော့သူမရဲ့အခြေအနေကိုသူဘာမှမသိခဲ့ဘူး။

အဲ့ဒီနှစ်တုန်းကသူအိမ်ကိုပြန်တဲ့အရေအတွက်ကလက်ချိုးရေလို့တောင်ရတယ်။အဲ့ဒီတုန်းကသူအိမ်ပြန်လာရင်သူမကထွက်တောင်မတွေ့တော့ဘူး။အရင်တုန်းကသူမထွက်လာပြီးနှုတ်ဆက်ရင်သူကရှုပ်တယ်လို့အမြဲထင်ခဲ့တာ။အဲ့ဒီတော့သူမထွက်မလာတာကသူ့အာရုံစိုက်မှုကိုလိုချင်လို့ဆိုပြီးဘဲထင်ခဲ့တာ။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now