အပိုင်း(၁၀)

1.4K 137 5
                                    

လွန်ခဲ့တဲ့၂နှစ်ကဆို သူမနာမည်တော်တော်လေးရလာနေပြီ။ကျိနမ်ဖုန်ပြန်လာတော့သူမရဲ့အာရုံတွေကသူ့ဆီမှာဘဲစုပြုံနေတာနဲ့မြောင်ပိုင်ဆိုတဲ့နာမည်ကအသက်မဝင်တော့တာတစ်နှစ်ကျော်နေပြီ။လက်ထပ်ပြီးသွားတော့ကျိနမ်ဖုန်ကသူမကိုအလုပ်ပေးမလုပ်တာနဲ့ သူမလဲမြောက်ပိုင်နာမည် အလုပ်ကိုပြန်ခိုးလုပ်နေတာ။

ပြီးခဲ့တဲ့သုံးလတုန်းကမင်္ဂလာဝတ်စုံ၁၂စုံပါတဲ့စီးရီးတစ်ခုကိုသူမဒီဇိုင်းဆွဲခဲ့တယ်။အဲ့ဒီထဲကဝတ်စုံ၉စုံကတိုက်ရှားအကောင်းဆုံးဒီဇိုင်းဆုကိုရခဲ့တယ်။သူမရဲ့ဝတ်စုံတွေကိုခေတ်စားလာတဲ့နောက်ဆုံးပေါ်ဒီဇိုင်း‌
ကောင်းကင်ကြယ်စီးရီးဆိုပြီးနာမည်ပေးခဲ့ကြတယ်။အဲ့ဒါကြောင့်ကျန်တဲ့၃စုံကိုလဲဆိုင်အသီးသီးကအလုအယက်ဝယ်လာကြတယ်။

ဆုရသွားတဲ့ဝတ်စုံ၉စုံကိုတော့တိုက်ရှားပြပွဲမှာခင်းကျင်းပြသထားတယ်။သူမအဲ့ဒီကနေလစဉ်ကော်မရှင်ကြေးရနေတယ်။ဒါပေမယ့်ဘယ်လောက်ရလဲဆိုတာကိုတော့စိတ်မဝင်စားတာနဲ့သေချာမသိခဲ့ဘူး။သူမမှာအယ်လန်ဆိုတဲ့အေးဂျင့်ရှိတယ်။သူကဘဲအားလုံးကိုစီမံပေးနေတာ။

သူမတို့ကပြီးခဲ့တဲ့လေးလကမှစသိခဲ့ကြတာ။သူတို့အပြင်မှာတစ်ခါမှမတွေ့ဖူးသေးပေမယ့်အလုပ်လုပ်ရတာအဆင်ပြေလို့အတူတူပူးပေါင်းပြီးလုပ်မယ်လို့ဆုံးဖြတ်လိုက်တာ။သူမကဒီဇိုင်းဆွဲပြီးအယ်လန်ကိုပေးလိုက်ရုံဘဲ။အယ်လန်ကကျန်တာတွေအားလုံးကိုစီမံပေးတယ်။

ကျန်တဲ့သုံးစုံကိုကျတော့ထုတ်ရောင်းလိုက်တာဒေါ်လာလေးမီလီယံ‌ကျော်ရလိုက်တယ်။ဒီပမာဏကသူမတစ်ယောက်တည်းအတွက်ဆိုများလွန်းနေတယ်။သူမကဒီဇိုင်းလေးဘဲဆွဲပေးခဲ့တာဆိုတော့ဒီလောက်ရတာနဲ့တင်ကျေနပ်နေပြီ။

သူတို့ဈေးဝယ်ထွက်နေရင်းနဲ့မော့လင်ရှီးကအိမ်သုံးပစ္စည်းတွေဝယ်နေတာကိုတွေ့တော့‌ရွှီချင်းမန်ဝယ်လက်စကိုရပ်ထားလိုက်ပြီးသူမနဲ့အတူတူကူရွေးပေးလိုက်တယ်။

သူတို့ဝယ်တာက‌အသေးအမွှားဖြစ်တဲ့ပန်းကန်ခွက်ယောက်ကနေ ကြီးကြီးမားမားဖြစ်တဲ့ဗီဒိုတို့ရေခဲ့သေတ္တာတို့ပါပါတယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now