အပိုင်း(၃၁)

659 42 3
                                    

အခုသူဒီအခွင့်အရေးကိုရနေသေးတဲ့အတွက်အရမ်းကိုကျေးဇူးတင်နေမိတာ။သူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့အခွင့်အရေးရှိသေးတယ်။သူ့မှာလုပ်စရာတွေအများကြီးရှိနေသေးတယ်။ဥပမာ-သူမကိုချစ်ရမှာ၊သူမရဲ့စိတ်ရောကိုယ်ကိုပါဂရုစိုက်စောင့်ရှောက်ပေးရမှာ၊သူမရဲ့အသည်းကိုစောင့်ကြည့်ရမှာ။အနာဂတ်မှာသူမကနှလုံး‌သွေးကြောကျဉ်းရောဂါရမှာဖြစ်ပြီးသူကတော့အဆုတ်ကင်ဆာဖြစ်မှာ။

သူကိုမာဖြစ်ပြီးဆေးရုံကနေဆင်းလာကတည်းနဲ့သူမကားအက်စီးဒန့်ဖြစ်ပြီးလို့ဆေးရုံကနေဆင်းလာတဲ့အချိန်ကတည်းကသူတို့နှစ်ယောက်လုံးကိုmedical check-upလုပ်ပေးဖို့သူဆရာဝန်နဲ့တိတ်တိတ်လေးသွားတွေ့ခဲ့တယ်။ကံကောင်းလို့အရာအားလုံးကနောက်မကျသေးဘူး။သူတို့သာကျန်းမာရေးကိုဂရုစိုက်မယ်ဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး။

နောက်တစ်နေ့မနက်ရောက်တော့သူတို့လေယာဉ်ကွင်းကိုသွားလိုက်ကြတယ်။လူအုပ်ကြီးကြားထဲမှာအရပ်ရှည်ရှည်ရုပ်ချောချောနဲ့ယောက်ျားလေးတစ်ယောက်ရဲ့လက်တစ်ဖက်ကအိတ်ကိုဆွဲထားပြီးတခြားလက်တစ်ဖက်ကလှပပြီးချစ်စရာကောင်းတဲ့ကောင်မလေးရဲ့လက်ကိုကိုင်ထားမြင်ကွင်းကိုဖြတ်သွားဖြတ်လာလူတွေကကွက်ကြည့်ကွက်ကြည့်နဲ့လုပ်သွားကြပြီးဘယ်‌လောက်တောင်ဆွဲဆောင်ရှိတဲ့စုံတွဲဖြစ်ကြောင်းကိုတီးတိုးပြောဆိုနေကြတယ်။

ရှုပ်ထွေးလှတဲ့လေယာဉ်ကွင်းထဲမှာသွားတဲ့လူတွေကသွားနေကြပြီးပြန်လာတဲ့လူ‌တွေကလဲပြန်လာနေကြတယ်။တစ်ချို့ကလဲပျော်နေကြတယ်။တစ်ချို့ကလဲဝမ်းနည်းနေကြတယ်။ဒါပေမယ့်ယောကျာ်းလေးတစ်ယောက်ကမိန်းကလေးတစ်ယောက်ရဲ့နဖူးကိုနမ်းနေတဲ့မြင်ကွင်းဆီကိုသူတို့ရဲ့အကြည့်တွေရောက်သွားတော့ခဏရပ်သွားကြတယ်။လူတွေကလှပတဲ့အရာတွေကိုဆိုရင်နှစ်သက်ကြတယ်လေ။ဥပမာမိန်းကလေးတွေကလှပတဲ့အဝတ်အစားတွကိုမြင်ရင်သဘောကျသလိုမျိုး၊ယောက်ျားလေးတွေကလဲလှတဲ့မိန်းကလေးမြင်ရင်သဘောကျသလိုမျိုးပေါ့။အခုအချိန်မှာသူတို့ရဲ့စိတ်ခံစားချက်တွေကိုခဏဘေးဖယ်ထားပြီး လှပတဲ့အရာတွေကသူတို့ရဲ့စိတ်ကိုဆွဲဆောင်နေတယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now