အပိုင်း(၃)

2.2K 187 5
                                    

'ဒါဆိုမင်းကရောကိုယ့်ကိုတကယ်အတိတ်မေ့စေချင်တာလား ဟန်ဆောင်စေချင်တာလား?' ကျိနမ်ဖုန်သူမမေးတာကိုမဖြေဘဲပြန်မေးလိုက်တယ်။

သူ့စကားတွေကသူမနားထဲမှာအကြိမ်ကြိမ်ပဲ့တင်နေတယ်။သူမပထမတစ်ခုကိုဖြစ်စေချင်တာလား ဒုတိယတစ်ခုကိုဖြစ်စေချင်တာလား?ဒုတိယတစ်ခုကိုဖြစ်စေချင်တာထင်တယ်။ဒါပေမယ့်ဒါကသူမတကိုယ်ကောင်းဆန်မိတာပါ။သူမနှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေဒုတိယတစ်ခုဖြစ်ဖို့ကိုမျှော်လင့်နေမိတယ်။

'ကျွန်မ.....မသိဘူး' သူမအမှန်အတိုင်းမပြောရဲဘူး။

'ကိုယ်အားလုံးကိုမေ့သွားရင်တောင်မှ ကိုယ့်နှလုံးသားထဲမှာမင်းဘဲရှိတယ်ဆိုတာကိုတော့အမြဲမှတ်မိနေမှာ။မင်းကဘာမှလုပ်စရာမလိုဘူး။မင်းကမင်းခုရှိနေတဲ့နေရာမှာရပ်နေရုံဘဲ။ကိုယ်ဘဲမင်းဆီကိုလာခဲ့မယ်' ကျိနမ်ဖုန်သူမမျက်နှာလေးကိုသူ့လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားလိုက်ပြီးသူ့စိတ်ရင်းအမှန်ကိုသိရအောင်သူမမျက်လုံးတွေကိုတည့်တည့်ကြည့်ပြီးပြောလိုက်တယ်။

မော့လင်ရှီးရဲ့နှလုံးခုန်သံကတော့အရမ်းကိုကျယ်လောင်နေပြီ။ကျိနမ်ဖုန်ကသူမကိုတစ်ခါမှဒီလိုအရမ်းကိုဂရုစိုက်ပြီးအရမ်းကိုချစ်ပြနေတဲ့ပုံစံမျိုးနဲ့မဆက်ဆံဖူးဘူး။
ဒီနေ့သူ့လုပ်ရပ်ကြောင့်သူမရဲ့ဗလာဖြစ်‌နေတဲ့နှလုံးသားလေးဟာပန်းတွေတောင်ပွင့်လာပြီ။

ဒါဟာတကယ်ဘဲဖြစ်ဖြစ်အိမ်မက်ဘဲဖြစ်ဖြစ်သူမကျေနပ်တယ်။အိမ်မက်ဆိုရင်တောင်သူမမနိုးထချင်တော့ဘူး။

Aမြို့ရဲ့အပူချိန်ကတစ်နှစ်ပတ်လုံးနိမ့်ကျနေတာ။အခုမတ်လဆိုပေမယ့်လဲအေးမြတဲ့ရာသီဥတုကြောင့်နှင်းတွေကျနေပြီးကားမှန်ကိုနှင်းတွေကလာဖုံးလွှမ်းနေတယ်။မော့လင်ရှီလဲနှင်းတွေကိုလက်နဲ့သုတ်လိုက်ပြီးသူမရဲ့အတွေးတွေကလဲနှင်းစက်တွေနဲ့အတူပျောက်ကွယ်သွားတယ်။

အိမ်အပြန်လမ်းမှာမော့လင်ရှီးတစ်ယောက်တခြားသူတွေဘယ်လောက်တောင်အံ့သွားကြမလဲဆိုတာကိုတွေးနေပေမယ့်ကျိနမ်ဖုန်ကတော့သူမရဲ့ဘေးတိုက်မြင်နေရတဲ့မျက်နှာလေးကိုဘဲတစ်လမ်းလုံးစိုက်ကြည့်လာခဲ့တယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now