အပိုင်း(၂၈)

453 45 1
                                    

ကလေးမလေးကဘာမှပြန်မပြောဘဲသူမကိုကြည့်နေတယ်။

'စောစောကသမီးအန်တီ့ကိုမေမေလို့ခေါ်လိုက်တယ်မဟုတ်လား?အန်တီကသမီးရဲ့မေမေနဲ့တူနေလို့လား?'

ကလေးမလေးကတော့တိတ်နေတုန်းဘဲ။

အဖွားအိုလဲမော့လင်ရှီးကိုမျှော်လင့်တကြီးနဲ့ကြည့်နေလိုက်တယ်။

'သမီးအန်တီ့ကိုချစ်လား?သမီးထပ်ခေါ်ပြမယ်ဆိုရင် သမီးဆီကိုအန်တီခဏခဏလာလည်မယ်လေ ဟုတ်ပြီလား?'  သူမရဲ့ကြိုးစားအားထုတ်မှုကအရာထင်မယ့်ပုံမပေါ်ဘူးဆိုပေမယ့်လဲသူမဆက်ကြိုးစားနေမိတယ်။ဒါပေမယ့်ကလေးမလေးရဲ့မျက်ရည်တွေပြည့်နေတဲ့မျက်လုံးလေးတွေကပုတ်ခတ်ပုတ်ခတ်လုပ်လာလိမ့်မယ်လို့မထင်ဘူး။

သူမလဲကလေးမလေးကိုဘယ်လိုချော့မော့ပြီးပြောခိုင်းရမလဲဆိုတာကိုမသိတော့တဲ့အချိန်မှာ သူမအနောက်မှာတိတ်တိတ်လေးရပ်နေတဲ့ကျိနမ်ဖုန်ကကလေးမလေးနဲ့သူမကိုလူချင်းခွဲလိုက်ပြီးသူမကိုသူ့ရင်ခွင်ထဲမှာဖက်ထားလိုက်တယ်။

'ရှင်ဘာလုပ်တာလဲ?' သူဘာလို့ဒီလိုလုပ်လိုက်တာလဲဆိုတာကိုမသိတော့သူမလှည့်ပြီးမေးလိုက်တယ်။ဒီလူက....ဘာလဲဟ...

ကလေးမလေးကလဲငိုတော့မယ်ပုံစံနဲ့မော့လင်ရှီးရဲ့လက်ကိုလှမ်းဆွဲလိုက်တယ်။ကျိနမ်ဖုန်လဲသိပြီလားဆိုတဲ့အကြည့်နဲ့သူမကိုကြည့်လိုက်ပြီး ကလေးမလေးနဲ့မျက်နှာချင်းဆိုင်လို့ရအောင်ထိုင်ချလိုက်တယ်။

'ဒီအန်တီကအန်ကယ့်အပိုင်ဘဲ' ကလေးကိုချော့မယ်လို့ သူမထင်ထားခဲ့တာနဲ့တခြားစီဖြစ်သွားတယ်။

*ရှင်ဘဲအန်ကယ်...ကျွန်မကအမဘဲ*

ကျိနမ်‌ဖုန်ပြောတာကိုကြားတော့ ကလေးမလေးကငြိမ်နေပြီးသူမရဲ့အရည်လဲ့နေတဲ့မျက်လုံးလေးတွေနဲ့သူ့ကိုစိုက်ကြည့်နေတယ်။ပြီးတော့မျက်ခုံးတွေကိုတွန့်ကွေးထားကာ သူပြောလိုက်တဲ့စကားရဲ့အဓိပ္ပါယ်ကိုစဉ်းစား‌နေတဲ့ပုံဘဲ။

မော့လင်ရှီးစကားပြောဖို့လုပ်လိုက်တဲ့အချိန်မှာကျိနမ်ဖုန်ကဆက်ပြောလိုက်တယ်: 'သမီးဒီအန်တီကိုချစ်လား?ချစ်ရင်သမီးစကားပြောရမယ်။မပြောရင်အန်ကယ်ကသူ့ကိုခေါ်သွားတော့မှာ'

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now