အပိုင်း(၅)

1.7K 158 2
                                    

လူသွားလမ်းကကျဉ်းတော့တစ်ချိန်မှာကားတစ်စီးဘဲဖြတ်သွားလို့ရတယ်။

ညဉ့်နက်နေပြီဆိုတော့လူသွားလူလာတွေလည်းသိပ်မရှိတော့ဘူး။တစ်ခါတစ်ခါအေးမြတဲ့လေနုအေးတိုက်ခတ်လာတော့ သစ်ပင်ပေါ်ကသစ်ရွက်လေးတွေကမြေကြီးပေါ်ကိုကြွေကျလာကြတယ်။

နှင်းတွေကျနေတဲ့ဓါတ်မီးတိုင်အောက်မှာမော့လင်ရှီးနဲ့ ရွှီချင်းမန်တို့ကျောချင်းကပ်ပြီးထိုင်နေကြတယ်။သူတို့ကိုကြည့်ရတာအထီးကျန်နေတဲ့ပုံဘဲ။

ကျိနမ်ဖုန်သူတို့အနားကိုမသွားဘဲတိတ်တိတ်လေးရပ်ကြည့်နေလိုက်တယ်။သူမက‌အကောင်းမြင်စိတ်ရှိတဲ့သူ၊တစ်ခါတစ်လေမှာရူးမိုက်ပြီးဘာမှစိုးရိမ်ပူပန်မှုမရှိတဲ့သူလို့သူအမြဲ‌ထင်နေခဲ့တာ။အရာအားလုံးကိုသူမနှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရမှာသိမ်းဆည်းထားလိမ့်မယ်လို့သူမထင်ထားခဲ့ဘူး။

ဒဏ်ရာအမာရွတ်တွေကသာကွဲပြဲပြီးထွက်ပေါ်မလာရင်လွယ်လွယ်နဲ့ရှာတွေ့နိုင်မှာမဟုတ်ဘူး။လူတိုင်းမှာဖုန်းကွယ်ထားချင်တဲ့ဒဏ်ရာတွေကိုယ်စီရှိကြတယ်။သူမသိသေးတဲ့မော့လင်ရှီးရဲ့အကြောင်းတွေကအများကြီးရှိသေးတယ်ဆိုကိုကျိနမ်ဖုန်ရှာ‌တွေ့သွားတယ်။

'ဟေး ဟိုကကြက်မလေးနှစ်ကောင်ကလှလိုက်တာ။က‌လေးမလေးတွေ ဒီအကိုကမင်းတို့ပျော်ရမယ့်နေရာကိုခေါ်သွားပေးမယ်နော်' မူးရူးနေတဲ့လူရဲ့ရယ်သံကြောင့်ကျိနမ်ဖုန်အတွေးစပြတ်သွားတယ်။

'အကိုကြီး ဒီတစ်ယောက်ကအပြစ်ကင်းတဲ့ပုံလေးနဲ့ချစ်စရာလေး။နောက်တစ်ယောက်ကတော့တော်တော်ဆွဲဆောင်မှုရှိတယ်။ဒီနေ့ကကျွန်တော်တို့အတွက်
တော့ကံကောင်းတဲ့နေ့ဘဲ' ဆံပင်အနီရောင်ဆိုးထားတဲ့နောက်အမူးသမားတစ်ယောက်ကဝင်ပြောလိုက်တယ်။

'ရှီရှီး.....ကြည့်ပါဦး....ဟိုမှာရုပ်ဆိုးကောင်နှစ်ကောင်' ရွှီချင်းမန်ကတော့သူမတို့ကြုံတွေ့ရမယ့်အခြေအနေကိုမရိပ်မိသေးဘူး။

'ဟမ် တကယ်ဘဲရုပ်ဆိုး‌လိုက်တာ။ငါ့အားဖုန်လိုလဲမချောကြဘူး' မော့လင်ရှီးတစ်ယောက်ကိုလက်ညှိုးထိုးပြီးတစ်ခစ်ခစ်ခးရယ်ရင်းပြောလိုက်တယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now